💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _47"မိဘတွေက ကိုယ်ချင်းမစာဘဲ ကျေးဇူးတရားနဲ့ အကြပ်ကိုင်ပြီးတော့ အတင်းပေးစားတယ် နုလေးသွယ်ကလည်း အရှက်မရှိ အတင်းတွယ်ကပ်ပြီး နေနေတယ်"
မနှင်းသစ္စာ ပြောနေတဲ့ စကားတွေကို ကြားတော့ နု ရင်တုန်ကာ အသက်ရှုတွေ ကြပ်လာရတော့သည် ....
.....ကိုကိုပြောတာ အဲလို မဟုတ်ပါဘူး....
.....ညီမလေးကို ကျွန်တော့ကို အပိုင်ပေးလို့ ကျေးဇူး အများကြီး တင်ပါတယ် ဖေဖေနဲ့ မေမေ......
"နုလေးသွယ်ဟာ ကိုသီဟအတွက် ဝန်ထုတ်ဝန်ပိုးကြီး ဖြစ်နေတယ် ဆိုတာမျိုးကိုတောင် နားမလည်တဲ့သူမျိုးက မတန်မရာ ကိုသီဟလိုလူရဲ့ ဇနီးဖြစ်နေတာ အရမ်း ရင်နာဖို့ ကောင်းတာပဲ "
"ဟင့်အင်း မဟုတ်ဘူး မဟုတ်ဘူး နုက ကိုကို့ရဲ့
ဝန်ထုတ်ဝန်ပိုး မဟုတ်ဘူး ""နင့်လိုလူက ဘာများနားလည်မှာမို့လဲ
မောင်က ငါ့ချစ်သူဟဲ့ နင့်ကြောင့် ငါတို့ နှစ်ယောက်က ချစ်လျက်နဲ့ ဝေးခဲ့ရတာဟဲ့".....ချစ်လျက်နဲ့ ဝေးခဲ့တာတဲ့ ဟုတ်လဲ မဟုတ်ဘဲလာညာနေတယ် ....ကိုကို ချစ်တာက နုကိုလေ
ဒါကို နု သေချာသိတယ် မမဝေတို့ ဆူတာ ပြောတာတောင် ကိုကိုက ဘယ်လောက်တောင်မှ စိတ်တိုလိုက်သလဲ ....အခု နုကို ဒီအိမ်လေးကို ခေါ်လာတာဟာ လည်း မမခေတို့ နုကို ဆူကြတာကို မကြိုက်လို့ ဆိုတာ နု သိတယ်............ကိုကောင်းမြတ်တို့ စ လို့ နု စိတ်ကောက်နေတုန်းက ကိုကို ပြောတာ နုက ကိုကို့ရဲ့အချစ်ဦးတဲ့ ဘယ်သူ့ကိုမှ အခုလို မချစ်ဖူးဘူးတဲ့ ရည်းစားဦးနဲ့ အချစ်ဦးဆိုတာ ခံစားရတာချင်း မတူဘူးတဲ့ .....
နုရဲ့ ရင်ထဲမှာ မခံချင်စိတ်တွေနဲ့ ပူလောင်နေကာ ပြန်ပြောချင်တဲ့ စကားလုံးတွေက နှုတ်ခမ်းဖျားမှာ ပလုံစီနေပေမယ့် ရုတ်တရက် ပြောလို့မထွက်ပဲ ဖြစ်နေလေသည်....
.......ဝေနဲ့ခေ အပြင် တခြားဘယ်သူကပဲ ဖြစ်ဖြစ် နုလေးကို မတရား ပြောနေရင် ငုံ့မခံရဘူးနော် ပြန်ပြောရဲရမယ် ဘယ်သူ့ကိုမှ မကြောက်နဲ့ ကို့ကို့မိန်းမက လူတွေကို ကြောက်နေတာမျိုးကို ကိုကို
လုံးဝ မကြိုက်ဘူး ......

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...