💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _52''ဘေဘီဒီတစ်လတော့တက်လိုက်ပါလား ကလေးရယ် "
"ဟင့်အင်း နု သေချာတယ် မတက်တော့ဘူး ကိုကို"
"ကလေးကစာတွေဖတ်တတ်နေပြီဆိုပေမယ့်
နည်းနည်းတော့ ကိုကိုက ဒီထက်တတ်စေချင်သေးတယ် ""ကိုကိုပဲဆက်သင်ပေးလေ ကိုကိုက တော်တာပဲဟာကို "
သူ့လက်ချောင်းလေးတွေကို ဆော့ကစားရင်းခေါင်းလေးတခါခါနဲ့ပြောနေပုံလေးက ချစ်စဖွယ်အတိ...
သူ့မှာလည်းနုလေးဘာလုပ်လုပ် ချစ်စရာကောင်းနေတာလို့ကိုပဲမြင်နေမိတော့သည်....."အင်း နုလေး ကျောင်းထွက်လိုက်တာတစ်ခုတော့ကောင်းတယ်"
"ဘာဖြစ်လို့လဲ"
"ကိုကိုမျက်နှာပူလို့ "
"မျက်နှာပူလို့ ...ဟုတ်လား"
"အင်း"
ဆော့နေတဲ့သူ့လက်ကိုအောက်သို့ချသွားပြီး အနောက်ဖေးကိုပြေးဝင်သွားလေသည်...
ခဏအကြာ သူ့အနားပြန်ရောက်လာကာ..."ဘေဘီ ဒါတွေကဘာလုပ်ဖို့လဲ"
ရေခဲသေတ္တာထဲကရေခဲတုံးလေးတွေကို တဘက်လေးထဲထည့်ထားကာ သူ့မျက်နှာပေါ်တင်ပေးနေလေသည်...
"ကိုကိုပဲ မျက်နှာပူတယ်ဆို နုက မျက်နှာအေးအောင်လုပ်ပေးနေတာ "
ရယ်ပစ်လိုက်ချင်ပေမယ့် နုလေးကစေတနာဖြင့်လုပ်ပေးနေတာကြောင့်အများကြီးမရယ်ရက်ပါ...
"အစ်မကြီးနုတို့ကတော့ လုပ်ပြီဟေ့ "
"ဘာဖြစ်လို့လဲ ထပ်ပူနေသေးလို့လား နုလုပ်တာ မအေးသေးလို့လား "
"မရွှေနုရယ် ကိုကိုပြောတဲ့ မျက်နှာပူတယ်ဆိုတာက အားနာတာ မျက်နှာမထားတတ်တာကိုပြောတာ "
"မျက်နှာမထားတတ်ရင် ဒုက္ခပဲ အနောက်မှာလည်းချိတ်ထားလို့ မရဘူးလေ ကိုကိုရဲ့ "
"ဟော လုပ်ပြန်ပြီ .....ကိုကိုပြောပြမယ်
မနေ့က ဘေဘီက ကျောင်းကနေအိမ်ပြန်သွားတာ ကိုကိုက မသိဘူးလေ စိတ်ပူပြီး ဆရာမကိုခပ်ကြမ်းကြမ်းပြောမိသွားတယ် ကျောင်းကိုလည်းမြေလှန်ပစ်မယ်တွေပါ ပြောမိသွားတာ "
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...