Part -43

37.3K 1.6K 171
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _43

30mins ပဲရှိသေးတဲ့ မန့်အရှည်ကြီးကြောင့်
သီဟစိတ်ထဲ ဒေါသထောင်းကနဲထွက်သွားလေသည်....

"သတို့သားက Fashion Fabricက CEOလေ သူက မွေးစားသား ကောင်မလေးက FFရဲ့သမီးအငယ်ဆုံး ဇာတ်လမ်းက သမီးရင်းကို မွေးစားသားလက်ထဲကို ထိုးအပ်တာ.....ထိုးအပ်ရခြင်း အကြောင်းအရင်းက သတို့သမီးက ကျပ်မပြည့်ဘူးလေ ရူးနေတာ ဒါကြောင့် FFက CEOဟောင်းက သူ့သမီးကို မွေးစားသား လက်ထဲထည့်ပြီး CEOရာထူး ပေးပစ်ပြီး ပေးစားတာ...

ကောင်မလေးက ရူးနေတာများ စိတ်အခန့်မသင့်ရင်လူပါသ-တ်မယ့်ဟာလေးလေ ... သတို့သမီးလေးက အဆင်းပဲ ရှိပြီး ဘာအရည်အချင်းမှ မရှိဘူး ရှိဖို့ဝေးလို့ ကျောင်းတောင် အခုမှ နေဖူးတာလေ ဘာကျောင်းလဲ သိချင်သေးလား ......မသန်စွမ်းတွေ နေတဲ့ကျောင်း ဘာမှ မဟုတ်ပါဘူး အရမ်း လိုက်ဖက်တယ်လို့ မန့်နေကြလို့ပါ ဘာလို့ လိုက်ရမှာလဲ သတို့သားက အနစ်နာကြီးဟာကို "

သူ့မန့်ကိုreactပေးသူတွေကလည်း မနည်းဖြစ်နေကာ  rpပြန်ထားကြတာလည် မနည်းမနောဖြစ်သည်...

''ဘာတွေJဝင်ပြီး လာမန့်နေတာလဲ"

"ဟယ် ရေဆေးငါးကြီး သနားပါတယ်နော်"

"ဟုတ်မယ် မိဘစကား နားထောင်ပြီးယူရရှာတာနေမယ်"

"သတို့သားကလည်း CEOရာထူးကို မက်ပြီး ယူတာနေမယ် ဒီလို မဟုတ်ရင် ကျပ်မပြည့်ကို ဘယ်သူက ယူမှာတဲ့လဲ"

"ကိုကိုနေလ ရေးထားတာ မမြင်ဘူးလား သတို့သားရဲ့မျက်လုံးတွေကိုကြည့် ချစ်ရိပ်တွေ ပြည့်လျှံနေတဲ့ အကြည့်နဲ့ သူ့ဇနီးလေးကို ကြည့်နေတာလေ ငွေမက်လို့ မဟုတ်လောက်ပါဘူး "

"ဟုတ်တယ် ဘဲကြီးမျက်နှာကို သေချာကြည့်ကြပါဟ"

"ဘာပဲဖြစ်ဖြစ် မလိုက်တာတော့ မလိုက်ဘူးနော် ဒီလိုဆို တစ်ဖက်က ပင်ပန်းရတာပေါ့ "

"ဒီမန့်ကို ထောက်ခံတယ် တန်းမတူရင် တစ်ဖက်လူက အဆင်မပြေ ဖြစ်ရတယ်"

"အဓိက မကောင်းတာက မိဘတွေလေ ရူးရင် ရူးနေတဲ့ အတိုင်းထားလေ ဘာလို့ လင်ပေးစားလဲ သူများ သားပျိုလေးကို ကျွေးကျေးဇူး ဆပ်ခိုင်းနေတာ "

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now