Part _69

50.7K 2K 156
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _69

"ဟို....ဟို ကိုကြီးကို ပြန်ခေါ်ရင်ရော ဖေဖေ "

ခေမာ ဟက်ကနဲ ရယ်လိုက်မိတာက မမဝေပြောလိုက်တဲ့ စကားကို အသည်းပေါက်သွားလို့သာဖြစ်သည်..

"မမဝေက တတ်လည်းတတ်နိုင်ပါလား CEOရာထူးကနေ ပြုတ်အောင် အောက်တန်းကျတဲ့နည်းနဲ့ယုတ်မာခဲ့ပြီးမှ အခုတော့ ကိုကြီးကို ပြန်ခေါ်ရအောင်တဲ့လား အဟက် "

"ဟင် သမီးခေ ဘာပြောလိုက်တယ် "

ခေ့စကားကြောင့်ဖေဖေက အထိတ်တလန့် ဖြစ်သွားပြီး မယုံကြည်နိုင်အောင်ကို အံ့ဩနေပုံမျိုးနဲ့ အသံတွေပါ တုန်နေရှာလေသည်....

"ခေ ပြန် ပြန် ပြော စမ်း သမီး''

''ကိုကြီးကို CEO ရာထူး အပ်နှင်းပွဲ မလုပ်ခင်က  မမဝေက''

''ခေ နင် မပြောနဲ့လေ''

''ဝေမာသွယ် နင့်ပါးစပ်ကို ပိတ်ထားစမ်း ခေ ဆက်ပြော''

''QC ဝန်ထမ်း မယမင်းလှိုင်နဲ့ ပေါင်းပြီး အထည်တွေမှာ error ပါအောင် တမင်လုပ်တာ ဖေဖေ''

''ဘာ''

''ကိုကြီးက ချက်ချင်းသိသွားပြီး ညတွင်းချင်း  အထည်တွေ အများကြီး ပြင်ရတာတဲ့''

''ဝေမာသွယ် နင် နင် မိုက်လုံးကြီးလှချည်လား မောင်နှမချင်းအပေါ်မှာတောင် မညှာမတာ နဲ့ ဒီလောက်တောင် စိတ်ယုတ်မာ  ထားရလားဟဲ့ ''

''ကိုကြီးက ဝေတို့ အစ်ကိုရင်းမှ မဟုတ်ဘဲ မေမေ  ဝေတို့ထက် ပိုသာသွားမှာကို ဝေက
ကြည့်နေရမှာလား''

* ဖြန်း *

''ယုတ်မာလိုက်တဲ့စိတ်ဓာတ် နင်မရှက်တတ်ဘူးလား ဝေမာသွယ်"

''အဟင့် ဟင့် မေမေ''

''တောက် ဝေမာသွယ် နင့်အမေပြီးတော့ ငါ့လက်သံကို ထပ် မမြည်းချင်ရင် နင့်ဘာသံ
မှကို ထွက်မလာနဲ့ ''

''လူထုကြားထဲမှာ Brand တစ်ခု ပေါက်အောင် အချိန်တွေ ငွေတွေ  အိုင်ဒီယာတွေ ပစ္စည်းအရည်အသွေးတွေက ဘယ်လောက်တောင် အရေးကြီးတယ် အမှားအယွင်း မဖြစ်အောင် ဘယ်လောက် ဂရုစိုက်ရတယ်ဆိုတာ အခု ကိုယ်တိုင် လုပ်ကြည့်တော့ နင်သိပြီ မဟုတ်လား''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now