💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 12"မိန်းမ ဟုတ်လား"
လေသံလေးနဲ့ ပြောလိုက်ပေမယ့် သူကြားဖြစ်အောင် ကြားပါသည်။ သူကြည်နူးစွာ ပြုံးလိုက်ကာ နုလေးရဲ့ လက်ဖဝါးနုနုကို ဆွဲယူပြီး နှုတ်ခမ်းတွေနဲ့ ဖိကပ်ထားလိုက်ရင်း....
''အင်းလေ နုလေးက ကိုကို့မိန်းမ ကိုကိုက နုလေးရဲ့ ယောက်ျားလေကွာ မသိဘူးလား"
............
''ဟင် ပြောပါဦး နုလေးက အခုထိ မသိသေးဘူးလား"
''မေမေက ပြောတယ် ''
''အင်း ဘာတဲ့လေး ကလေး ''
''နုလေးက အခု အိမ်ထောင်ရှင်တဲ့ ''
''ဟုတ်ပြီ ပြီးတော့ရော''
''ကိုကိုပြောတာ နားထောင်ရမယ်တဲ့ ကိုကိုက နုကို ကာကွယ် စောင့်ရှောက်မယ့်သူတဲ့''
သူကြည်နူးကျေနပ်စွာ ပြုံးလိုက်မိရင်း...
"အဟွန်း ဟုတ်တယ် ကိုကိုက ဟောဒီ နုလေးကို အစစအရာရာ ဖြည့်ဆည်းပေးမယ့်သူ ကာကွယ်စောင့်ရှောက်ပေးမယ့်သူ''
''ကိုကိုက ဘာဖြစ်လို့ နုကို စောင့်ရှောက်တာလဲဟင်''
"ခုနက ကိုကို ပြောပြီးပြီလေ ကိုကိုက နုလေးရဲ့ ယောက်ျားပါဆို''
နုလေးက မျက်ခုံးလေး ရှုံ့ကာ စဉ်းစားသလိုလေး လုပ်နေရင်း......
"ဖေဖေက ယောက်ျား မေမေက မိန်းမ''
''ဟုတ်တယ် အခုဆို ကိုကိုနဲ့နုလေးက လည်း ဖေဖေနဲ့ မေမေလိုမျိုး ဖြစ်သွားကြပြီ ''
''ကိုကိုကယောက်ျား နုကမိန်းမ ''
''ဟုတ်တယ်ဗျာ''
''မမခေနဲ့ မမဝေကလည်း မိန်းမ''
''အာ....မတူဘူးလေ ကလေးရဲ့ ဝေနဲ့ခေက ကိုကို့ ညီမတွေ နုလေးနဲ့ သူတို့က မတူတော့ဘူး''
''ဘာလို့ မတူတော့တာလဲ'''
''ကိုကိုနဲ့နုလေးက ဟိုတလောက ဘာလုပ်တာလဲ မှတ်မိလား ''
''ဟုတ် နု မှတ်မိတယ် မင်္ဂလာဆောင်တာတွေ
ဧည့်သည်တွေ အများ....ကြီး ဖိတ်ပြီးတော့ ကိုကိုနဲ့နုက လက်တွဲပြီး လမ်းလျှောက်တာ ''

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...