💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 5သူ့ကို မော့ကြည့်ပြီး အကဲခတ်နေရှာတဲ့ နုလေးရဲ့ မျက်ဝန်းလေးတွေဟာ ပီဘိကလေးငယ်တစ်ယောက်လို အပြစ်ကင်းစင်လွန်းနေလေသည်....
သူ ပြုံးပြလိုက်တော့ ခေါင်းလေးက အနည်းငယ် ရှေ့ကို တိုးလာပြီး ခပ်တိုးတိုး လေသံလေးနဲ့ ....
''နု တကယ် ပြောလို့ ရလား ကိုကို"
''ဟင်''
''နု ဖြစ်ချင်တာကို တကယ် ပြောလို့ ရလားလို့''
''တကယ်ပေါ့ ညီမလေးရဲ့ ပြောလေ''
"မေမေ့ကို ပြန်မတိုင်ရဘူးနော်''
သန့်သီဟနောင် မျက်ခုံးတွေ ပင့်သွားရပြီး.....
''မပြောဘူး မပြောဘူး စိတ်ချ နုလေး ဖြစ်ချင်တာကို စိတ်ထဲမှာ ရှိတဲ့ အတိုင်းပြော"
နုလေးက နှုတ်ခမ်းလေးကို သူ့လက်ချောင်းကလေးတွေနဲ့ ကာထားပြီး....
"အပြန်ကျရင် ကိုကိုနဲ့ လက်မတွဲဘူးနော် နုလက်ကို လာမကိုင်နဲ့''
''ဟာ''
သူ့ကို မရဲတရဲလေး မော့ကြည့်ပြီး လာပြောနေတဲ့
ကိုယ့်ညီမ အငယ်ဆုံးလေးကို ကြည့်ပြီး
သန့်သီဟနောင် ရင်ထဲမှာ နင့်သွားပြီး သနားကြင်နာခြင်းတွေ ပြည့်လျှံလာကာ မျက်ရည်ပါ ဝဲလာရသည်....
သူမအတွက် ဒါတွေဟာ အစိမ်းသက်သက်ဖြစ်လို့နေပါလား.....ဒီမင်္ဂလာပွဲကို စီစဉ်တဲ့ ကိစ္စမှာ သူနဲ့ နှင်းသစ္စာတင်မကဘဲ နုလေးမှာလဲ အခက်အခဲ ရှိနေနိုင်တာပဲ....
ဒါဆို ဒီလို စီစဉ်တဲ့ ဖေဖေနဲ့မေမေမှာရော ဘာပြဿနာတွေ ရှိလို့များ အခုလို ရုတ်တရက်ကြီး ထစီစဉ်ရတာပါလိမ့် ....မိဘရင်းတွေ မဟုတ်ပါဘူးလို့ ဘယ်သူကမှ မရိပ်မိတဲ့အထိ သူ့အပေါ်ကို မေတ္တာတွေ အပြည့်အဝပေးခဲ့ကြတဲ့ မိဘနှစ်ပါးရဲ့ စိတ်နေစိတ်ထားကို သူအသိဆုံး ဖြစ်ခဲ့ပေမယ့် ဒီတစ်ခါမှာတော့ ခန့်မှန်းလို့ မရအောင် ဖြစ်နေလေသည်.....
"နော် ကိုကို ရလားဟင်''
သူ အတွေးလွန်နေရာက နုလေးအသံကြားတော့မှ သတိဝင်လာလေသည်....

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...