💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _29ကိုကိုသည် နု တစ်ခါမှမမြင်ဖူးသောပုံစံကြီးဖြင့် ဒေါသထွက်နေကာ နုလက်ကို ကိုင်သွားသောကောင်လေးကို အသေအကြေထိုးနေလေသည်..
"ကိုကို မိုက်တယ်"
"ထိုးပစ်"
"အသေလုပ်သတ်လိုက်.... သူလေ သူပေါ့ နုလက်ကို လာကိုင်တာ ထိုးပစ် ကိုကို"
"ဟာ သီဟ တော်ပြီလေ''
"မင်း ဖယ်နေစမ်း ကောင်းမြတ်''
"သီဟ "
''သီဟ တော်တော့လေကွာ မင်းကလည်း"
သူ မရမက အတင်းကြီး ဝင်ဆွဲတော့မှ ဟိုကောင်လေးရဲ့ သူငယ်ချင်းတွေပါ ဝင်ဆွဲကြပြီး ရန်ပွဲက ရပ်သွားတော့သည် ....ဟိုကောင်လေးမျက်နှာက မြင်မကောင်းလောက်အောင် ဖူးယောင်နေပြီး ပါးစပ်က သွေးတွေ စီးကျနေပုံအရ သွားကျိုးသွားတာ ဖြစ်မည်.....
သိပ်မကြာလိုက် လုံခြုံရေးတွေ အပြေးအလွှား ရောက်လာတော့မှ အနားမှာ ကြောင်ပြီး ကြည့်နေတဲ့ လူအုပ်ကြီးက လှုပ်လှုပ်ရှားရှား ဖြစ်လာတော့သည် ....
''ဟာ ရန်ဖြစ်လို့ မရဘူးလေ"
''ဘယ်လို ဖြစ်တာလဲ ဘာဖြစ်ကြတာလဲ ''
''ဘေးကို ဘေးကို ''
''ဒီလူက ကျွန်တော်တို့ သူငယ်ချင်းကို အရင် လာထိုးတာ''
''ဟ မင်းတို့ကောင်က ဘာလုပ်လဲဆိုတာ မင်းတို့ မမြင်ဘူးလား မသိလိုက်ဘူးလား''
"ဟာ လက်ကလေး ကိုင်တာလေးလောက်ကိုများ ဒီလောက် ဖြစ်ပျက်နေတာ အဲလောက်တွန့်တိုတတ်ရင် ခင်ဗျားညီမကို အိမ်ထဲမှာပဲ သံကွန်ခြာနဲ့ အုပ်ထားပါလား''
''အောင်မာ မင်းကများ''
''ခွပ် ''
''ခွပ်''
"ဟာ သီဟတော်တော့"
''ဟေ့ကောင် ဒါ ညီမ မဟုတ်ဘူး ငါ့မိန်းမကွ ဘယ်ကောင်မှ လာထိလို့ မရဘူး မင်းအရမ်းသဘောကောင်းနေရင် မင်းမိန်းမနဲ့ညီမတွေခေါ်ပြီး ဒီနေရာမှာ လာရပ်နေပြီး လာသမျှလူတွေကို ကိုင်ခိုင်းနေလိုက်''
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...