Part _16

38.9K 1.6K 157
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 16

"အင်းဆို...ဂူဂျွန်ဖြိုးက ဂင်ဂျန်ဒီကိုမေးတာလေ
မြင်လားတဲ့ ငါ့အသည်းနှလုံးကိုတဲ့ "

"ဟုတ်...လား "

"ကိုကိုကလည်း နုကို ကိုကို့အသည်းနှလုံးကို ခေါ်ပြတာလားဟင် "

"ဟင်"

ရုတ်တရက်ကြီး ထမေးလိုက်တဲ့ နုလေးရဲ့ မေးခွန်းကြောင့် သီဟရင်တွေ ဆောင့်ခုန်သွားရပြီး....

နုလေးရဲ့ ပုခုံးသား နုနုလေးကို ဆွဲညှစ်လိုက်မိကာ...

"ဟင့်အင်း မဟုတ်ဘူး ကိုကို့ရဲ့အသည်းနှလုံးလေးက ဒီမှာလေ''

''Wow ကိုကိုရေ  ဒီမှာကြည့်ပါဦး ရိဒ်ရေကန်က ပုံထဲမှာလည်း အရမ်းလှတာပဲ  တကယ် အသည်းပုံလေး''

''ဟင်''

''လာကြည့်လို့  ဒီမှာ ကြည့်ပါဆို နုက အိမ်ပြန်ရောက်ရင် မေမေတို့ကို ပြမလို့ ရိုက်နေတာ အယ် ကိုကို မေမေတို့ဆီ ဒီပုံတွေပို့ပေး"

ကလေးက ကိုရီးယားကားကြည့်ပြီး ဇာတ်ကားထဲက သူမှတ်မိတဲ့ဟာလေးတွေရိုးရိုးသားသား ပြောနေတဲ့ဟာကို အတည်ကြီး သွားဖြေနေမိတဲ့ သီဟ ကိုယ့်ဟာကိုယ် ရှက်မိတော့သည် .....

နုလေးက ရိဒ်ရေကန်ကို ရိုက်လိုက် သာယာလှပတဲ့ တောတောင်ရှုခင်းတွေကို ရိုက်လိုက်နဲ့ သူ့ဟာသူ အာရုံများနေကာ သူဖြေလိုက်တာကို ကြားလိုက်ပုံတောင် မရလို့သာ တော်တော့သည်....

"ဟာကွာ အဟွန်း ''

''ဟားဟားဟားဟား''

လူကြီး ရှက်တော့ရယ်တယ် ဆိုတဲ့စကားအတိုင်း သီဟတစ်ယောက် ရှက်ရယ် ရယ်နေမိတော့သည် ...
သူကမပြီးနိုင် မစီးနိုင်ရယ်နေတော့ နုလေးက လှည့်ကြည့်လာကာ....

"ဘာတွေ ရယ်နေတာလဲ ကိုကို''

''အဟွန်း ဘာမှ မဟုတ်ပါဘူး''

''ဘာကို ရယ်တာလဲတာလို့ နုကိုလည်း ပြောပြ''

''မပြောပြဘူး''

''ဟာ ကိုကို့''

နုလေးက တံတောင်ဆစ်လေးကိုကွေးပြီး  သူ့လက်မောင်းကို တွဲချိတ်လာရင်း သူ့မျက်နှာကို မော့ကြည့်ကာ....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now