Part _62

36.5K 1.8K 149
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _62

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်......

နုလေးသွားတုန်းက ဆရာတို့မိသားစု ကိုဆက်ကောင်းယံ ကိုတာမင်းပိုင်ဖြိုး ကိုထွဋ်ဒီပါလင်း စိုင်းဟန်ခမ်းဖိတ်တို့မိသားစုနဲ့ကောင်းမြတ်တို့က လိုက်ပို့ပေးခဲ့ကြပြီး တခြား ဘယ်သူမှ မသိလိုက်ပေမယ့် ဆုယူပြီး ပြန်လာတဲ့အခါမှာတော့  လာကြိုဆိုနေကြတဲ့ လူအုပ်ကြီးက နည်းတာမဟုတ်.... မီဒီယာတွေအပြင် live ကို ကြည့်လိုက်ရတဲ့ သူတွေက ဝမ်းသာအားရ ကြိုဆိုနေကြလေသည်....

ကြိုနေတဲ့ လူအုပ်ကြီးထဲမှာ ဖေဖေ မေမေ ဝေမာနဲ့ခေမာ အပြင် ဝေမာ့အမျိုးသားပါမကျန် ရောက်နေကြတော့ ကောင်းမြတ်က မဲ့ပြုံးပြုံးနေလေတော့သည်......

''သီဟ မင်းယောက္ခမနဲ့ ညီမတွေက အခုကျတော့ နုလေးကို သူတို့သမီး သူတို့ညီမပါလို့ လူတွေသိမှာ မရှက်တော့ဘူးတဲ့လား.."

''မင်းကလည်း အသာနေစမ်းပါ ကောင်းမြတ်ရာ''

''နေပါတယ်ကွာ အခုလည်း တိုးတိုးလေး ပြောနေတဲ့ဟာကို ငါပြောချင်တာကကွာ နုလေးသွယ်ကို သူတို့ အစကတည်းကသာ  လှောင်ပိတ်မထားခဲ့ရင် သူ ဒီထက် အရောင်ထွက်နေမှာလို့''

''မိဘမေတ္တာပေါ့ကွာ သူတို့သမီး အငယ်ဆုံးလေးကို နည်းနည်းလေးမှကို အထိအခိုက် အပွန်းအပဲ့ မခံနိုင်တာလေ အချစ်လွန်ပြီး ဖြစ်ရတာဆိုတော့ ငါ အပြစ်မဆိုရက်ပါဘူး''

''သူတို့ချစ်တာကြီးက နှစ်သလိုဖြစ်နေခဲ့တော့  နုလေးသွယ်ရဲ့ တစ်ဘဝလုံး ဆုံးရှုံးတော့မလို့ကွ''

''တော်ပါတော့ ကောင်းမြတ်ရာ ''

''အေး ငါလည်း နုလေးသွယ်ကို တောင်းပန်ရဦးမယ်''

''ဘာအတွက်လဲ''

''သူနဲ့ လက်ထပ်တော့မယ်ဆိုတုန်းက မင်းနဲ့ မလိုက်ဖက်ဘူးလို့ ငါပြောခဲ့ဖူးတယ်လေ မင်းသူနဲ့ယူပြီး အရမ်းပျော်ရွှင်နေတာ မြင်ရတော့ ဒီစကားကို ငါ့ရင်ထဲမှာ ရုတ်သိမ်းထားခဲ့တာ ကြာပါပြီ '''

''ဪ ဒီကလေးမလေးဟာ လူကြီးတွေရဲ့ ပုံသွင်းတာ မှားယွင်းမှုကြောင့် ဆုံးရှုံးနစ်နာခဲ့ရရှာတာပါလားဆိုတာ သိရလို့ ငါအမြဲတမ်း သနားနေခဲ့ရတာ နုလေးသွယ်ဟာ ငါ့သူငယ်ချင်း သန့်သီဟနောင်ရဲ့ဇနီးဆိုတာထက် ငါရဲ့ နှမအရင်းလေး တစ်ယောက်လို မျိုး ခံစားနေရတယ်သီဟ ငါအထင်သေးဖူးတာအတွက် ငါသူ့ကို သေသေချာချာကို တောင်းပန်မယ်''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now