💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 26နုတို့ အိမ်ကို ပြန်ရောက်တော့ မမခေက နုတို့အိမ်ဘက်ကို ကူးလာလေသည်.....
"အမလေးနော် မရွှေနုတို့က စျေးတွေ ဘာတွေ သွားလို့ပါလား အနောက်အရပ်က နေ ထွက်လာပါဦးမယ်နော်''
နုလေးက ဘာမှ ပြန်မပြောဘဲ ခေ့ကိုမျက်စောင်းထိုးပြီး အိမ်ထဲကို ဝင်သွားတော့သည်....
"ဟော်တော် ငါက ဒါလေး စတာကို နုလေးက စိတ်ကောက်တယ်ပေါ့လေ"
မိချစ်က နုလေး အိမ်ထဲဝင်သွားတာကို ပြုံးပြုံးလေး လိုက်ကြည့်နေရင်း....
"နုလေးကို အရင်လို မစနဲ့တော့ မမခေရေ နုလေးက အခု နောက်ပိုင်း ဘာလုပ်လုပ် အရမ်း စဉ်းစားတာနော်''
''ဟုတ်လား''
''ဟုတ် အခုလည်းလေ ကိုကြီးသီဟက ဆိတ်သားစားချင်တယ် ပြောလို့ ဝယ်တာကို ငါးထောင်ဖိုးပဲ ဝယ်လာတယ်....."
''ဟောတော်''
''အကုန်အကျ သက်သာအောင်တဲ့ ညနေစာကိုလည်း ကြက်ဥနဲ့ ကျွေးမှာတဲ့''
မိချစ်စကားဆုံးတော့ ခေက တခစ်ခစ် ရယ်ကာ အိမ်ထဲကို ပြေးဝင်သွားတော့သည်....
''ကိုကြီးရေ ကိုကြီး"
''ဟော ခေ ပါလား လာလေ''
''ကိုကြီးနဲ့ နုလေးကလေ တကယ်ကို လိုက်ဖက်တာနော် သိလား ကပ်စေးရှိရာ ကပ်စေးလာပဲ''
''ဟမ် ဘာကြီးလဲ''
''မိချစ်ပြောတာလေ နုလေးက စျေးထဲမှာ ဘာဝယ်ဝယ် တွက်ပြီး စဉ်းစားပြီးမှ ဝယ်နေတာတဲ့ ချွေတာရမယ်လို့ ပြောတယ်တဲ့ ကိုကြီးတော့ ငတ်ပေါက်ပဲ သိလား''
သီဟ သဘောကျစွာ ပြုံးလိုက်ရင်း ....
''ချွေတာချင်စိတ်ရှိတာ ကောင်းတာပေါ့ ခေရဲ့ ဒါမျိုးကို နုလေးတော်တယ်လို့ အားပေးရမှာလေ"
''အမလေးလေး ကိုကြီးတို့များ သူ့မိန်းမကိုဆို အပြောကို မခံဘူးနော် ဟို မရွှေနုတို့ကလည်း သူ့ယောက်ျားအတွက်ဆို သိတတ်ပါ့''
''ဟားဟားဟားဟား''
ငယ်ငယ်တည်းကမောင်နှမတွေမုန့်ဖိုးတန်းတူရကြပြီး မမဝေနဲ့ခေကတော့ရတဲ့မုန့်ဖိုးကို အကုန်မုန့်ဝယ်စားပစ်လိုက်ပေမယ့် ကိုကြီးသီဟကတော့ အိမ်ကလုပ်တဲ့မုန့်သာစားပြီး ရသမျှပိုက်ဆံအကုန်ခြစ်ကုပ်စုတတ်သည့်ဦးကပ်စေးကြီးဖြစ်သည်....
_
_
_
_
မနက်စာ စားကြတော့ ဆိတ်သားဆီပြန် ငါးပိသုတ်နဲ့ တို့စရာ၊ အာလူးပြုတ်ထားကို ခြေပြီးတော့ကြော် ကန်စွန်းရွက်ကြော်နဲ့ ချဉ်ပေါင်ဟင်းလေးနဲ့ ဆိုတော့ မြိန်လိုက်တာများ ထမင်းရော ဟင်းတွေပါ အကုန် ကုန်သွားတော့သည်....

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Dragoste"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...