Part _45

31.5K 1.5K 135
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _44

နုလေးက နားမလည်သလို ပုံလေး ဖြစ်နေရှာတာမို့ လက်ဖဝါးနုနုကို တင်းတင်းဆုပ်ကိုင်လိုက်ရင်း....

"လာလေ ကလေးရဲ့ကိုကို့နောက်ကို လိုက်မယ် မဟုတ်လား"

"ဟို ဟို နုက"

"သမီးလေး"

မေမေက ချက်ချင်း ထရပ်ပြီး နုလေးကို အတင်းဆွဲတော့ နုလေးက မေမေ့ရင်ခွင်ထဲကို ရောက်သွားလေသည်.....

"ဟာ မေမေ့ "

"မသွားရဘူးသား မေမေ ခွင့်မပြုနိုင်ဘူး စိတ်လျှော့ပါ သားရယ် နော် မေမေတောင်းပန်ပါတယ်ကွယ် သားညီမတွေကို မေမေဆုံးမပါ့မယ်"

"တခြားဟာ မဆုံးမပါနဲ့ မေမေ ကိုယ်ချင်းစာတတ်ဖို့နဲ့ ညီအစ်မချင်းတောင် မညှာမတာ ပြောတာ ဆိုတာ ဆက်ဆံတာတွေ တရားမလွန်ဖို့ကိုသာ သင်ပေးလိုက်ပါ"

"သားရယ် ဝေတို့ကို ဖေဖေ ဆုံးမပါ့မယ် ပြောပါ့မယ် နောက်ထပ် ငါ့သားကိုရော သမီးငယ်လေးကိုပါ ဘယ်တော့မှ ဒီလိုမျိုးတွေ ထပ်မပြောစေရပါဘူးကွယ် အိမ်ခွဲနေတာမျိုးတော့ မလုပ်ပါနဲ့"

"မတားပါနဲ့တော့ဖေဖေ ကျွန်တော်ဒီလို လုပ်ဖို့ စဉ်းစားနေတာ ကြာပါပြီ နုလေးကို ဖေဖေတို့နဲ့ ခွဲထားသလို ဖြစ်နေမှာစိုးလို့ စိတ်လျှော့ပြီး နေနေခဲ့တာပါ"

"အိမ်က အဝေးကြီး ခွဲနေစရာ လိုလို့သားရယ် အခုလည်း သားတို့ကို တစ်အိမ်သပ်သပ် နေခိုင်းတာပဲလေ"

"နေခိုင်းပေမယ့် အိမ်ချင်းက အခုလို ကပ်ရက် ဖြစ်နေတော့ နုလေးရဲ့ ပတ်ဝန်းကျင်က အသစ် ဖြစ်မလာဘူးမေမေ "

"ဟိုး ငယ်ကတည်းကနေ ဒီအသက်အရွယ်ရောက်သည်အထိ အစ်မတွေက ထင်သလို ပြောဆိုဆက်ဆံနေတာကို ဘာမှ ပြန်မပြောရဲဘဲ ငုံ့ခံနေရရှာတာနဲ့ မေမေက အကာကွယ်လွန်နေတာဟာ နုလေးအတွက် အရိပ်မည်းကြီး ဖြစ်နေတာ"

"ကိုကြီး"

"ကိုကြီး "

"သားကလည်း အဲသလောက်ကြီးတော့ မတရား မပြောနဲ့လေ မေမေတို့ လုပ်ခဲ့သမျှက သမီးငယ်လေးအတွက်ပါ အခုလို အိမ်ချင်းနီးနေတော့ မေမေတို့ လာကြည့်ပြီး လိုတာကူပေးလို့ရတယ် သားလည်း တစ်ယောက်ထဲ ဝန်မပိုရတော့ဘူးပေါ့"

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now