Part _70

42.6K 1.9K 146
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _70

"ဟုတ်ပကွာ  တော်တော်ဆိုးဆိုးနော်  အမှိုက်ပုံထဲ ကိုကိုသွားပစ်လိုက်ရမလား ဘေဘီ "

နုလေးကိုယ်က မတ်ကနဲဖြစ်သွားရင်း....

"အို ရမလား နိုင်ငံခြားကနေ မှာလို့ရတာလည်းမဟုတ်ဘူး သွားပစ်စရာလား ကိုကိုရယ် "

"ဟားဟားဟားဟား''

နုလေး အလန့်တကြားနဲ့ ပြောလာတဲ့ ပုံလေးကိုကြည့်ကာ သီဟ ဟက်ဟက်ပက်ပက် ရယ်မိတော့သည်....

နုလေးဘေးမှာ ကပ်ထိုင်ကာ ပခုံးလေးကို  ခပ်တင်းတင်း ဆွဲညှစ်လိုက်ရင်း.....

"ပူတတ်ရန်ကော မိန်းမရယ်  မင်းယောက်ျားအကြောင်းကို အခုထိ မသိသေးဘူးလားကွာ ဟင်  ကိုကို့ဘဝမှာ မရှိရင်မဖြစ် အရေးအကြီးဆုံးက ဟောဒီက ဘေဘီနုနုလေးနဲ့  သားရယ် သမီးလေးရယ်ဆိုတာ မသိဘူးလားလို့''

''ကိုကိုက နု ကလေးတွေကို တခါတလေ အော်တယ်လေ''

''အာ အော်တာ မဟုတ်ပါဘူး ဘေဘီရယ် ကလေးဆိုတာ ဒီလိုပဲလေ ဟန့်ရတာပေါ့ သူတို့သဘောအတိုင်း လုပ်နေတာကို ကြည့်နေရင် မပြောဘဲနေရင် ကြီးတဲ့အထိ ဘာမှ မသိနားမလည်ဘဲ ဖြစ်နေမှာပေါ့ ''

''နု လိုမျိုးလား ''

''ဟာ ဘေဘီ ဘာတွေ ပြောနေပြန်တာလဲ
  မိန်းမရယ် ''

''နုလည်း မသိတာတွေ အရမ်းများလို့ ကိုကိုက သင်ပေးခဲ့ရတာလေ''

''အဲဒါက အရင်ကလေကွာ ဘေဘီက အရမ်းတော်တော့ အခုဆို ကြည့်စမ်း ဘယ်လောက်တော်တဲ့ မားမား ဖြစ်နေပြီလဲ ပြင်သစ်မှာ ဆုရလာတဲ့ နာမည်ကြီးဒီဇိုင်နာ ဝင်ငွေကလည်းကောင်း မွေးထားတဲ့ ကလေးလေးတွေကလည်း အချောအလှ ချစ်မဝလေးတွေ  ''

''ဟင်းဟင်း''

''အစားအသောက် အအိပ်အနေကို သေချာ ဂရုစိုက်ထားတော့ သားလေးရော သမီးလေးရော ဉာဏ်ရည်တွေကလည်းမြင့် ကျန်းမာရေးကကောင်း ဆော့လိုက်ကြတာများ မျောက်တွေလိုပဲ''

'''ဟင်းဟင်းဟင်း ဒါကြောင့် ပီက မျောက်မူးသေလို့ ခေါ်တာ''

''ဟားဟားဟား အဲဒါက သမီးပါကွာ သားက ဒီလောက် မသောင်းကျန်းပါဘူး''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now