💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _55"နုလေး "
"ရှင် မမချမ်း "
"Meaningတွေ ဒီနေ့ အများကြီးကျက်လာတာပဲ "
"အဟီး ဟုတ်တယ် ကိုကိုက ဝိုင်းကူကျက်ပေးထားတာ နုဖြင့် မနေ့က မမသာခွင့်ပေးထားတာ အိမ်မှာတစ်နေကုန်စာကျက်နေရတာသိလား "
"မြန်မာစာစာစီစာကုံးကော ရေးလာလား "
"ဟုတ် နုရေးလာတယ် မမချမ်း "
"ပြပါဦး မမကို "
နု စာအုပ်လေးကိုထုတ်ပြတော့ မမချမ်းကဖတ်နေရင်း...
"လက်ရေးလေးတွေသေသပ်လာပြီနော် တော်တယ် နုလေးက "
"ဟိဟိ ကိုကိုက လက်ရေးမလှရင် နုကို မတော်သေးဘူးပြောတယ် နုကလေ ကိုကိုက တော်တယ် လှတယ်ပြောတာပဲကြိုက်လို့ အခုဆိုစာရေးရင်လည်းလှ...လှလေးပဲရေးတော့တယ်"
"အို တော်လိုက်တာ နုလေးက "
နုနဲ့ မမချမ်းစကားပြောနေတုန်း ဝန်းလေးကရောက်လာလေသည်....
ချမ်း သူတို့နှစ်ယောက်ကို စာပေးပြီး ထလာတော့ ကိုကိုလည်းရောက်လာလေသည်...
"ကိုကို တစ်ခုခုအဆာပြေစားမလား "
"ရတယ် ကိုကိုဗိုက်မဆာဘူး "
ချမ်းရဲ့ဗိုက်ကိုကိုင်ပြီး...
"ခေါင်းမူးလား အန်ချင်လား သဲပေါက် "
"ချမ်း ဘာမှမဖြစ်ပါဘူး ကိုကိုရယ် "
ကိုကိုနဲ့ချမ်းစကားပြောနေတုန်း...
"ချမ်းရေ နုလေးမမ စာမရေးဘဲ ပုံတွေလျှောက်ဆွဲနေတယ် "
"ဟော"
"ဟာ ဒီကလေးကတော့လေ ခဏပြန်လာလို့ မိန်းမနားကပ်ရမလားမှတ်ပါတယ်ကွာ "
"အဟင်း ဟင်း"
ချမ်းကရယ်ရင်း ကိုကို့ပါးလေးကိုဆွဲကာ အရှေ့ကိုထွက်လာတော့ နှစ်ယောက်သား လက်ညိုးတစ်ချောင်းစီထိုးကာ ရန်ဖြစ်နေကြလေသည်..
"ကဲ ဘာတွေဖြစ်နေတာလဲ "
"ချမ်း နုလေးမမကို စာရေးခိုင်းသွားတယ်မဟုတ်လား သူစာမရေးဘဲ ပုံတွေလျှောက်ဆွဲနေတယ် "
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...