Part _59

42.8K 1.8K 83
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _59

စိတ်ရောလူပါ ပင်ပန်းနေရှာတဲ့ ကိုကို့ကို နုက အခုချိန်ထိ ထိထိရောက်ရောက် မကူညီနိုင်သေး ဟို အစ်မပြောသလိုများ နုက ကိုကို့အတွက် ဝန်ထုတ်ဝန်ပိုး ဖြစ်နေလေသလား နုကြောင့် ကိုကိုက ပိုပင်ပန်းရရှာတာ မဟုတ်လား နု တစ်ယောက်ထဲ အတွေးတွေ များနေရာက ခေါင်းလေးငုံ့လိုက်တော့ မျက်ရည်ပူတွေ စီးကျလာရတော့သည်.....

"ဟင့် ဟင့် ဟင့် စိတ်ညစ်လိုက်တာ "

သန့်သီဟနောင်သည် ဒီနေ့တော့အပြင်အလုပ်ကိစ္စနဲ့လှည်းတန်းဘက်လာရတာကြောင့်အိမ်နဲ့နီးနေသည်မို့ နေ့လည်စာဝင်စားဖို့အိမ်ကိုပြန်လာလိုက်သည်....
ဒီအချိန်နုလေးကအိမ်မှာရှိတာကြောင့်တန်းပြီးအိမ်ထဲကိုဝင်သွားလိုက်တော့...

"ဟင့် ....ဟင့်....ဟင့်"

"အီးးးးး...ဟင့်...အင့်"

အခန်းထဲကနေ နုလေးရဲ့ငိုရှိုက်သံကိုကြားလိုက်ရတာကြောင့်သီဟရင်ထဲပူကနဲဖြစ်သွားရပြီးအခန်းတံခါးကို ဝုန်းကနဲဖွင့်ပစ်လိုက်တော့သည်....

"ဘေဘီ"

"ကို....ကို "

ခေါင်းကြီးငုံ့ကာ ငိုနေတဲ့ကလေးက အခန်းတံခါးဖွင့်သံကြောင့်အလန့်တကြားမော့ကြည့်လာပြီးသူ့ကိုမြင်တာနဲ့ မျက်ရည်တွေကိုပွတ်သုတ်တော့သည်.....

နုလေးကိုယ်ကိုစွေ့ကနဲပွေ့ချီကာကုတင်ပေါ်တင်လိုက်ရင်း သူပါကုတင်ပေါ်တက်ထိုင်လိုက်ရင်းနုလေးရဲ့မျက်နှာလေးကို လက်ဖဝါးနှစ်ခုကြားထဲညှပ်လိုက်လေသည်...

"ဘာဖြစ်တာလဲ ဘေဘီရယ် ဘာငို့တာလဲ"

"ဟင့်အင်း ....နု....နု မငိုပါဘူး ကိုကိုရယ် "

နုမငိုပါဘူးကိုကိုရယ်ဆိုတဲ့စကားသံကအစအဖျားလေးကတုန်ခါနေလေသည်.....

"မေမေတို့ကိုလွမ်းလို့လား.....နေမကောင်းလို့လား"

"နု ...နု ဘာမှမဖြစ်ပါဘူး "

"ဒါဆို ဘာလို့ငိုရတာလဲ "

"နုက ဒီအတိုင်းငိုတာပါ ဒီအတိုင်း"

မညာတတ်ဘဲနဲ့ ညာနေတဲ့နုလေးရဲ့မျက်ဝန်းတွေဟာ သူ့ကိုမကြည့်ဘဲပြောနေလေသည်....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now