Part _38

48.7K 1.9K 277
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _38

"မငိုနဲ့လေ ကိုကိုရှိတယ်လေ ကိုကို့ကို မယုံဘူးလား "

"ယုံတယ်"

"ဒါဆို ပြောပြ သူကဘာလို့ နုလေးကို ဒီလိုခြိမ်းခြောက်ရတာလဲ"

"နုကိုလေ သူက အတင်းကြီးနမ်းသွားတယ် ကိုကို.... ကိုကိိုစိတ်ဆိုးလားဟင်...သူက သူကလေ နုသဘောမတူပဲ နုကို အတင်းနမ်းတာသိလား အဟင့် ဟင့် "

"ဟာ"

ကိုကို့ဆီက ဟာကနဲ အသံထွက်လာပြီးတော့ ဘာမှ မပြောတော့ဘဲ မျက်လုံးကြီးပြူးကာ နုကို လာကြည့်နေလေသည်  .....
လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားပြီး မျက်နှာက တဖြည်းဖြည်းနီရဲလာကာ ရင်ဘတ်ကြီးက နိမ့်ချည်မြင့်ချည် ဖြစ်နေကာ  အသက်ရှုသံကလည်း အကျယ်ကြီးမို့ နု ကြောက်ရွံ့လာရတော့သည်.....

"ကိုကို့''

''ကိုကို''

''ဟင်''

''နုက  နုက နုကလေ သူ့ကို ခွင့်မပြုဘူး သဘောလည်း မတူပါဘူး အဟင့် ဟင့် နုက အရမ်းကြောက်လို့ အတင်းရုန်းနေတဲ့ဟာကို သူက နုကို
အဟင့် ဟင့်''

"နုလေး''

''အဟင့် ဟင့်''

နုလေးက သူ့ကို သနားစရာ ကောင်းလောက်အောင် ငယ်နေတဲ့ မျက်နှာလေးနဲ့ မော့ကြည့်နေပြီး လက်ဖဝါးကလေး နှစ်ဖက်က ရင်ဘတ်နားမှာ ယမ်းခါပြနေရှာလေသည်...
သူစိတ်ဆိုးသွားမလားလို့ စိုးရိမ်ပူပန်နေရှာတာလေးက သူ့အသည်းကို ဆားနဲ့ပက်ခံရသည့်နှယ်...

သနားစရာကောင်းလှတဲ့ ညီမလေးကို ရင်ခွင်ထဲမှာ ဆွဲသွင်းကာ ပွေ့ဖက်ထားလိုက်မိတော့သည်...

နုလေးပြောတာကို သူရုတ်တရက်ကြီး ကြားလိုက်ရတော့ လူက  မယုံနိုင်အောင် အံ့ဩ ဒေါသထွက်နေရပြီး ဇေငြိမ်းစျာန်ကို အမှုန့်ကြိတ်ပစ်ချင်တဲ့ စိတ်တွေနဲ့ အသိလွတ်နေခဲ့တာ ...

ဒီလောက်တောင် အပြစ်ကင်းစင်ပြီး ချစ်စရာ သနားစရာကောင်းလှတဲ့  ကလေးမလေးကို  ရမ်းကားရုံနဲ့ အားမရသေးလို့ ကလေး အကြောက်လွန်နေအောင်ပါ ခြိမ်းခြောက်ထားတဲ့အထိ အောက်တန်းကျလွန်းလှသည် ...

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now