Part _24

41.1K 1.6K 72
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 23

"ဟုတ် နုက ဦးသန့်သီဟနောင်ရဲ့''

''မိန်းမ ''

''အမျိုးသမီး''

''ဇနီး''

''အိမ်သူသက်ထား''

"ဟယ်တော် ''

ကလေးမလေး ဖြေလာတဲ့ပုံကို ကြည့်ပြီး နှင်းပါးစပ်ကို လက်ဝါးနဲ့ ကာလိုက်မိတော့ သည်  မဟုတ်မှ လွဲရော ဧကန္တ ဒီကောင်မလေးဟာ........

"အာ ကျန်သေးတယ် ဘေဘီနုနုလေးတဲ့"

"ဟင်"

"ဘာလဲ မမက နုပြောတာ မယုံလို့လား နုနဲ့ကိုကိုက မင်္ဂလာ အကြီးအကျယ်လုပ်ပြီးမှ လက်ထပ်ထားတာလေ ပြီးတော့ ချင်းတောင်မှာက တစ်ခေါက်ဆိုတော့ "

''နှစ်ခေါက်လေ နှစ်ခေါက်တောင် နုက အရမ်းပျော်တာ အဟင်းဟင်း ''

............

ကောင်မလေး လက်ကလေးနှစ်ချောင်းထောင်ပြီး လာရယ်ပြနေတဲ့ပုံလေးက ချစ်စရာကောင်းလှပေမယ့် စကားပြောနေတဲ့ ပုံလေးအရ လုံးဝ ပုံမှန် မဟုတ်တာကို  နှင်းသေချာသွားရတော့သည်.....

ဒီကောင်မလေးကမောင့်ညီမလေးဆိုတာသေချာသွားပြီးမို့ နှင်းမှာအံ့သြရသည်...
မောင်တို့ကဘယ်လိုဖြစ်ပြီး မောင်နှမချင်းပြန်ယူထားတာလဲ....
နှင်းမှာအတွေးများစွာဖြင့်ရှုပ်ထွေးသွားလေသည်...

"ဟို ညီမလေးက ကိုသန့်သီဟနောင်ရဲ့ညီမလေးမဟုတ်ဘူးလား "

"ဟုတ်ပါဘူးဆို နုက ကိုကိုရဲ့ မိန်းမ အမျိုးသမီး  ဇနီး အိမ်သူသက်ထား ဘေဘီနုနုလေးပါဆို "

တစ်ခုခုလွဲနေတာသိပေမယ့် အိမ်ရောက်မှ ဖိတ်စာကိုသေချာပြန်ဖတ်ကြည့်ရမည်ဖြစ်သည်....

"ဟုတ်ပါပြီ ညီမလေးရယ် အခုက အလည်လာကြတာလား "

"ဟုတ်တယ် ကိုကိုအလုပ်ရှိလို့ မန္တလေးကိုလာတာ နုကလိုက်လာတာ နုက မလိုက်လို့မရဘူးလေ ကိုကိုမရှိရင်နုကဖျားရော....ကိုကိုစင်္ကာပူသွားတုန်းက နုဖျားလို့  ကိုကိုကလေ နောက်ဆို ဘယ်သွားသွားနုကိုခေါ်သွားမှာတဲ့ "

အလွန်တစ်ရာချစ်ဖို့ကောင်းတဲ့မျက်နှာပေးလေးနဲ့ ချစ်ဖို့ကောင်းစွာပြောနေတဲ့ ကောင်မလေးရဲ့စကားတွေက နှင်းအဖို့တော့ မနှစ်မြို့ချင်စရာဖြစ်သည်...
အသဲယားတာကြောင့် ပါးလေးကို ဖျစ်ညှစ်ဆွဲလိုက်ရင်း..

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now