💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 8"ငါ့ကိုသိတယ်လို့ လျှောက်ပြောကြည့် မင်းကို လူဆိုးကြီးလက်ထဲအပ်မယ်....သုံးပိုင်းပိုင်းပစ်မယ်"
"အွင့် "
"အွင့်"
"ကြားလား နုလေးသွယ် "
"အွင့်"
"အားးးး"
ပါးစပ်ကို သူ့လက်တွေဖြင့်ပိတ်ထားတော့ သူမလေးမွှန်းလာမှာစိုးတာကြောင့် အားကိုလျှော့လိုက်ချိန် သူ့လက်ကိုယူကာ ဆွဲကိုက်ပစ်လိုက်တာများ လုံးဝမလွှတ်.....
"အားးးးး နုလေး လွှတ် "
ခြံအပြင်က ဆူညံသံများကြောင့် သန့်သီဟနောင်ကဖုန်းကိုချပစ်လိုက်ရင်း ပြေးထွက်လာတော့ ...
"ဟာ နုလေး"
"နုလေး လွှတ်လိုက် "
"နုလေး ကိုကိုပြောနေတယ်လေ လွှတ်လိုက်"
"အားးးးး"
"နုလေး လိမ္မာတယ် လွှတ် "
သူချော့မော့ပြောလိုက်ကာမှ လွှတ်လိုက်ချိန် တစ်ဖက်လူရဲ့လက်က ဘယ်လောက်တောင်ပေါက်ထွက်သွားလဲမသိဘူး သွေးများထွက်နေလေသည်....
နုလေးပုံစံက လုလုဆီက ဖိနပ်ပြန်လုတုန်းကထက်အကြည့်တွေကခက်ထန်နေကော ရွှေရင်မို့မို့လေးဟာလည်း မောက်မောက်တက်လာတာများ ဘယ်လောက်ထိ ဒေါသထွက်နေလည်းဆိုတာ နှိုင်းဆမရ.....
"နုလေး စိတ်ကိုလျှော့....အသက်ဝဝရှုလိုက် "
တစ်ဖက်ကလူကို သူသည်စိတ်မဝင်စားနိုင်
နုလေးအခြေအနေကိုစိုးရိမ်တာကြောင့် ပခုံးလေးကိုဖက်ပြီးရင်ခွင်ထဲ ထွေးဖက်လိုက်လေသည်..."ဘာမှမဖြစ်ဘူး ကိုကိုရှိတယ် ညီမလေး ကိုကိုရှိတယ် "
သူ့ရင်ခွင်ထဲရောက်နေတာတောင်ရုန်းနေပြီး အတော်လေးစိတ်ကြီးနေတဲ့ နုလေးကို သူအားနဲ့ချုပ်လိုက်လေသည်..
"ဒီက ဘာလုပ်လိုက်လို့ ကျွန်တော်ညီမလေးက ဒီလိုဖြစ်သွားရတာလဲ "
ဇေငြိမ်းစျာန်က ပျက်ယွင်းနေတဲ့ မျက်နှာကိုပြင်လိုက်ပြီး..
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...