Part-49

59.7K 2K 242
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _49

"ဘယ်သူတွေ ကြီးကြသေးလို့လဲ ညီမလေးရဲ့ "

"မမမိုးပွင့်ရယ် မမခေရယ် အခု မမချမ်းချမ်းရယ်လေ  နု ပဲ မကြီးတာ ဟီး "

"ဘေဘီ"

သီဟက ဟန့်သလိုလေးတားတော့ .....

"နုမှာကျတော့ ဗိုက်က ဘာလို့ မရှ်ိရတာလဲ 
နိုင်ငံခြားကို မှာရတာလား ဟုတ်လား နုတို့ရော မှာကြမလား ကိုကို"

"ဟာ နုလေး''

နုလေးက ဗိုက်ကလေးကို ပုတ်ပြနေရင်း သူ့မျက်နှာကို မျက်လုံးလေး ပြူးကြည့်ကာ အားတက်သရော လာမေးနေတဲ့ ပုံလေးကြောင့် သီဟရင်တွေ ဆောင့်ခုန်သွားရသည်.....

ချစ်ဖို့ ကောင်းလိုက်တာ ကလေးရယ် မင်းရဲ့ကိုကိုက ဒီအတိုင်းတောင် ကြွေကျနေပါတယ်ဆို မင်းလေးက ထပ်ခြွေနေလိုက် .....

''ဟားဟားဟား"

'''ဟင်းဟင်းဟင်း'''

''ဟင်းဟင်းဟင်း''

နုလေးကို ငေးမောပြီး သွားကြည့်နေမိတာ   အချိန် ဘယ်လောက်ထိ ကြာသွားသည် မသိ ဆရာတို့ မိသားစုတွေဆီက ရယ်သံတွေ ကြားရတော့မှ သီဟ သတိဝင်လာတော့သည် .....

"သမီးနုလေးက ချစ်စရာ ကောင်းလိုက်တာကွယ် တကယ့် ကလေးလေးလိုပဲ   ဟင်းဟင်းဟင်း''

အန်တီချိုက နုလေးရဲ့ ကျောလေးကို ချစ်စနိုးနဲ့ ပုတ်ကာ ပြောနေပြီး နုလေးက ခေါင်းလေးမော့ကာ တခစ်ခစ်နဲ့ ရယ်နေလေသည်.....

''သီဟက ဒါတွေကြောင့် တုန်နေတာနေမယ်  ချိုရေ ဟားဟားဟား"

''ဟာ ဆရာကလည်းဗျာ''

''ဟ  မင်းက မဟုတ်လို့လား'''

''ဟုတ်တယ် ဆရာ''

''ဟားဟားဟား''

''ဟားဟားဟား'''

နုလေးကို ရင်းနှီးနွေးထွေးစွာ ဆက်ဆံကြတဲ့ ဆရာ့မိသားစုနဲ့ တွေ့ရတိုင်း နုလေးဟာ  ပျော်ရွှင်တက်ကြွနေတတ်တာမို့ သီဟ စိတ်ချမ်းသာရသည် ...
ဒီလို စည်းလုံးချစ်ခင်ကြတဲ့ မိသားစုမျိုးတွေနဲ့ မကြာခဏ တွေ့နေရရင် နုလေးဟာ လုံးဝ ပြောင်းလဲသွားလိမ့်မည်ဟု သီဟ ယုံကြည်နေမိသည် ....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now