Part-54

57.3K 1.9K 175
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _54

နုလေးရဲ့ မျက်လုံးလေးတွေထဲက အဓိပ္ပါယ်ကို သီဟ ကောင်းကောင်းကြီးနားလည်တာမို့  သူ့ရင်ထဲမှာ နာနေရသည် ....ဟိုရက်က ပွဲတစ်ခုတက်ရတော့ နုလေးခမျာ ဝတ်စရာ လက်ဝတ်ရတနာက ဘာတစ်ခုမှမရှိ.....

သူ့ကိုယ်ပိုင်ငွေနဲ့ ဝယ်ပေးထားတဲ့ စိန်တစ်ဆင်စာနဲ့ လက်ထပ်ခါနီးတုန်းက ဝယ်တဲ့လက်ထပ်လက်စွပ်ရော ချင်းတောင်မှာတုန်းက ဝယ်တာရောက ဘူးထဲမှာပဲ ကျန်နေခဲ့တာလေ ....

ကိုယ်ကတော့ ယောက်ျားလေးမို့ ပြဿနာ မရှိပေမယ့် မိန်းကလေး ဖြစ်တဲ့ နုလေးက တော့ ပွဲတက်ရင် တင့်တယ်အောင်ဝတ်ဖို့ အနည်းဆုံး တစ်စုံလောက်တော့ လိုချင်ရှာမှာပင် ......

သူ့တစ်သက် ချွေတာပြီး သုံးခဲ့စုဆောင်းခဲ့တာလေးတွေနဲ့ ကျောင်းမပြီးခင်ကတည်း အပြင်ဝင်ငွေရအောင် ရှာခဲ့ဖူးတာတွေကို သီဟဆီမှာ ရှယ်ယာထည့်တော့ အတန်အသင့် တိုးပွါးလာကာ ဒီလိုအနေအထားမျိုးမှာ နုလေးကို ထားနိုင်လို့ တော်ပါသေးသည်..... သူ့ဘက်ကတော့ ဒါဟာ အစွမ်းကုန်လုပ်ပေးနိုင်တာ ဆိုပေမယ့် ဖေဖေတို့ အခြေအနေနဲ့ တွက်ရင်ကျတော့ အားနာမျက်နှာပူရသည့် အနေအထားဖြစ်သည် .....

စံရိပ်ငြိမ်နဲ့ မဟာမြိုင်မှတ်တိုင်လောက် အကွာအဝေးကို ဘတ်စ်နဲ့သွားရတာ သိလို့ မေမေက ရင်ဘတ်စည်တီး ဖြစ်နေမှတော့ ရှစ်မိုင်ကနေ စံရိပ်ငြိမ်အထိ နုလေးတစ်ယောက်ထဲ အိမ်ပြန်လာတာကို သိရင်  နေရာမှာတင် သတိလစ်ပြီး လဲကျသွားမည်ထင်သည်.....

သီဟ ဘဝမှာ ဘယ်တုံးကမှ မမက်မောခဲ့ဖူးတဲ့ ကြွယ်ဝချမ်းသာခြင်းတွေကို  နုလေးအတွက် ဆောင်ကြဉ်းပေးချင်လှတဲ့  စိတ်တွေက ငယ်ထိပ်ထိ ရောက်နေကာ လူတွေအားကျ မော့ကြည့်ရတဲ့ ဘဝမျိုးကို ရယူပိုင်ဆိုင်ချင်လှတဲ့ စိတ်တွေက ပိုမို အားကောင်းထက်သန်နေတော့သည်......

ဒါပေမယ့် ဒါဟာ စိတ်ကူးထဲမှာပဲ ရှိနေသေးတာလေ လက်တွေ့မှာတော့ သူ့ရဲ့ဇနီးလေးဟာ သူ့ရဲ့ ပူပင်သောကကို လျှော့ချဖို့ဆိုပြီး ကျောင်းကနေတောင် ထွက်လာခဲ့ရရှာတာ  ပွဲတက်ရင် ရွှေတိုငွေစလေး ဆင်နိုင်ဖို့ ဝေးလို့  သွားလာဖို့တောင် ဘတ်စ်နဲ့ taxi ကို အသုံးပြုနေရတဲ့ အနေအထား.....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now