Part _ 6

39.9K 1.4K 81
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 6

"မေမေ့တစ်လက်ကိုင်ကနေ သန့်သီဟနောင်တစ်လက်ကိုင်ဖြစ်အောင်လုပ်ပြမယ် ခေ ...ညီမလေးစောင့်ကြည့်နေပေး"

ကိုကြီးက ယုံကြည်ချက်ရှိပြီး သေချာနေတဲ့ ပုံမျိုးနဲ့ ပြောလာတဲ့ပုံကြောင့် ခေ အံ့ဩပြီး ရှိန်သွားရသည်.....

ကိုကြီးသီဟက ဘယ်အလုပ်ကိုပဲ လုပ်လုပ် အရမ်းစနစ်ကျပြီး သေချာတာကိုတော့ ခေ သေချာ သိသည်လေ....

"ဟိုလေ  ခေ  ခေ  ပြောတာကကွာ"

"နုလေးရေ  ဒီကို လာ  ဒီမှာ လာကြည့်''

''ဟုတ် လာပြီ ကိုကို''

နုလေးက လမ်းလျှောက်ကျင့်နေရာက  ချက်ချင်း ရပ်သွားပြီး ကိုကြီးရဲ့ Laptop ကို သွားကြည့်နေလေသည် .....

"နုလေး ဘယ်ဟိုတယ်မှာ ဆောင်ချင်လဲ ရွေးကြည့်"

"မင်္ဂလာဆောင်ဖို့လား ကိုကို'''

"အင်း နုလေး ကြိုက်တဲ့နေရာကို ရွေး''

ကိုကြီးနဲ့နုလေး ပြောနေကြတဲ့ စကားတွေကို ကြားတော့ ခေ မျက်လုံးတွေ ပြူးသွားရသည်....
နှစ်ယောက်သား ခေါင်းချင်းဆိုင်ပြီး ကြည့်နေကြတာကို ဝင်ကြည့်လိုက်တော့ .....

"ဟင်''

''ဟော မေမေ့ကလေးတွေက ဘာတွေ ကြည့်နေကြတာလဲ"

''လာကြည့် မေမေ ကိုကြီးနဲ့ နုလေးက မင်္ဂလာခန်းမ ရွေးနေကြတာတဲ့''

''ဟင် ''

သမီးလတ် ခေ ရဲ့ စကားကြောင့် ဒေါ်စိမ်းမြကြည် မယုံနိုင်အောင် အံ့ဩသွားရပြီး ဝင်ကြည့်လိုက်တော့ လှပခမ်းနားတင့်တယ်လှတဲ့ မင်္ဂလာခန်းမတွေ.....

"ဒီမှာ ကိုကို ဒါလေးလှတယ် နု ကြိုက်တယ် ကြိုက်တယ်''

'''သေချာလား ကလေး သေချာရွေးနော်''

''ဟုတ် သေချာတယ် နု ဒီဟိုတယ်မှာ ဆောင်မှာ ကိုကို ဟိဟိ''

''အိုခေ  နုလေးသဘောကျ ဖြစ်စေရမယ်''

''ခိခိခိ''

သမီးနုလေးက လက်ညိုးထိုးပြီး ညွှန်ပြနေတဲ့ဟိုတယ်ကို သားက ပြုံးပြီး ကျေနပ်စွာ ကြည့်နေလေသည် .....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now