Part _25

44K 1.7K 133
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 25

"အဟင်းဟင်း ကိုသီဟရဲ့ ညီမလေးက အတတ်ကလေးနော် "

"ဟင် နုက ကိုကိုညီမလေးမဟုတ်တော့ပါဘူးဆို
နုက ကိုကိုရဲ့မိန်းမ  ကိုကိုက နုယောက်ျား မမရဲ့ "

နုလေး ပြောလိုက်တဲ့စကားလုံးလေးတွေက ဘာမှ မထူးဆန်းပေမယ့် သူ့ရင်ကို နွေးထွေးသွားစေတာမို့ သီဟ ပြုံးသွားရသည်.....

တစ်ဆက်တည်း နှင်းကိုလည်း အရမ်းအားနာသွားကာ နုလေးကို ခေါ်ပြီး မြန်မြန် ပြန်ဖို့ လုပ်ရသည်.....

"လာ ကလေး လာ အိမ်ပြန်စို့နော်''

''ဟုတ်ကဲ့ ကိုကို''

''နှင်း  ကျွန်တော်တို့ကို ခွင့်ပြုပါဦး"

...............

''မမရေ နုတို့ ပြန်ပြီနော် ပန်းတွေ အများကြီး ပေးလို့ ကျေးဇူးပါ''

..............

ဟိုကလေးမလေးက သူ့ယောက်ျားလို့ ပြောတာကို ကြားလိုက်ရတုန်းက ဝင်းကနဲ ဖြစ်သွားတဲ့ မောင့်မျက်နှာက နှင်းရဲ့ မျက်လုံးထဲကနေ မထွက်နိုင် ဖြစ်နေကာ နှစ်ယောက်သား နှုတ်ဆက်နေကြတာကို ဘာမှတောင် ပြန်မပြောနိုင်ဘဲ ခေါင်းလေးသာ ညိတ်ပြနိုင်တော့သည်.....

မောင်ရယ်.........
_
_
_
_

ခြံထဲကိုဝင်လာတော့ နုလေးကသူ့အနားကပ်လာပြီး...

"ကိုကို့"

"အင်း ပြောလေ "

"မမနှင်းသစ္စာက ဉာဏ်မကောင်းဘူးလာဟင် နု
ဒီလောက်ရှင်းပြထားတာကို သေချာမမှတ်ထားဘူး နုက ကိုကို့မိန်းမပါဆို "

သီဟမှာ နုလေး စကားကြောင့်ရယ်ချင်သွားပေမယ့်  ..

''မနက်ဖြန် ပြန်ရတော့မှာလေ ကလေးရဲ့ ဒီနေ့ပဲ အချိန်ရှိတော့တာ အပြင်သွားရအောင် အိမ်အတွက် လက်ဆောင်တွေလည်း ဝယ်ရဦးမယ်''

''ဘွားရေ ကျွန်တော်တို့ အပြင်သွားရင်း ဗိုက်ဆာတဲ့နေရာမှာ ဝင်စားလိုက်မှာမို့ ထမင်းစားဖို့ မစောင့်နဲ့နော် ''

''အေးအေး နေမပူခင် သွားကြ ဒီနေ့က ဘယ်တွေ လိုက်ပို့မှာလဲ သား ''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now