Part _32

40.3K 1.6K 112
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _32

''ကိုကို'''

''ကိုကိုရေ''

''နု  ကို  လာခေါ်ပါ''

''နု မပြန်တတ်တော့ဘူး ကိုကို'''

တစ်သက်မှာတစ်ခါလေးတောင်တစ်ယောက်တည်း လမ်းထိပ်ထိတောင်မထွက်ဖူးတဲ့နုလေးသွယ်ဟာ အခုချိန်မှာ ကူကယ်ရာမဲ့နေပြီး တစ်ယောက်တည်းဖြစ်နေလေသည်...
ကိုကို့ဆီဖုန်းဆက်ပြီးခေါ်ပေးဖို့ကလည်း နု ဖုန်းက ကျန်ခဲ့လေသည်...

နု မှာကြောက်လွန်းတာကြောင့် လူက ငိုချင်လာပြီးရင်တွေလည်းတုန်လာရလေသည်.....

ဘေးဘယ်ညာ ပတ်ပတ်လည်ကို လှည့်ကြည့်လေ ကြောက်လေ ဖြစ်နေကာ နု တစ်ကိုယ်လုံး တုန်နေရတော့သည်.....

အေးစက်တုန်ယင်နေသော လက်ကလေးနှစ်ဖက်ကို အချင်းချင်း ဆုပ်ကိုင်ထားရင်း ကိုကို သင်ပေးထားတာတွေကို နု ကြားယောင်လာရသည် .....

ကိုယ်မသိတဲ့ တစ်နေရာကို ရောက်နေရင် မကြောက်ရဘူးနော်ကလေး ကြောက်နေရင်တောင် ဘာမှ မဖြစ်သလိုလေး နေတတ်ရမယ်....
တွေ့သမျှလူကိုလည်း အကူအညီ မတောင်းရဘူး မငိုရဘူး....

မငိုရဘူးဆိုတဲ့ စကားကို သတိရတော့ စီးကျလာချင်နေတဲ့ မျက်ရည်တွေကို ခေါင်းမော့၍ မျက်တောင်ခတ်ကာ ပြန်သွင်းလိုက်သည် ....
မျက်ရည်တွေ အနည်းငယ် ခြောက်သွားတော့မှ အနီးနား ပတ်ဝန်းကျင်ကို ပြန်အကဲခတ်ရသည်.....

ဖြတ်သွားတဲ့သူကို မမေးနဲ့ လူတွေများတဲ့ ဆိုင်ကိုရှာ ဆိုင်ရှင်ကို အသာလေးမေးကြည့် ကြားလား....

ကိုကိုစကားများကိုပြန်ကြားယောင်ရင်း ပျက်ယွင်းနေတဲ့ ရုပ်ကို ပြင်လိုက်ကာ....

အခုနောက်ပိုင်းအပြင်ထွက်ရင် ကိုကိုက လမ်းမှာတွေ့သောဆိုင်းဘုတ်တွေ ကြော်ညာတွေကိုလိုက်ပေါင်းဖတ်ခိုင်းတာကြောင့် နုသည် ကောင်းကောင်းစာဖတ်တတ်နေပြီဖြစ်သည်.....

"C a k e P o p"

"ကိတ်ဆိုင် လူလည်းများတယ် ငါ ဒီအထဲဝင်ထိုင်နေလိုက်ရင်ကောင်းမယ်"

ခပ်တည်တည်နဲ့ ဆိုင်ထဲကိုဝင်ထိုင်လိုက်တော့ မွှေးပျံ့နေသော ကော်ဖီအနံ့နှင့် ကိတ်မုန့်ဖုတ်နေသော အနံ့လေးတွေက နှာခေါင်းဝတွင်လာကျီစယ်နေတာကြောင့် ဗိုက်ဆာလာလေသည်....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now