💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 17"ဟာကွာ နုလေးကလည်း ကိုကိုက သရဲကြောက်လို့ပါဆို''
''ဘာကြီး သရဲ ဟုတ်လား ကိုကို''
''အင်း''
''ကိုကိုကလည်း ကုတင်က အရမ်းကြီး မကျယ်ဘူးလေ နုတို့ ဘယ်လို အိပ်မလဲ တစ်ယောက်နဲ့ တစ်ယောက် ထိကုန်မှာပေါ့လို့''
သီဟ လည်ကုပ်ကို ပွတ်ကိုင်ကာ ပြုံးလိုက်ရင်း...
"အဟွန်း သေးပါစေ ကိုကိုကတော့ ကြိုက်တယ်''
''ဟင် ဘာဖြစ်လို့''
''နုလေးနဲ့ ထိနေအောင်လို့လေ''
''ဟာ ကိုကို့''
'' မဟုတ်ပါဘူး ကိုကိုက သရဲကြောက်လို့ နုလေးနားကို ကပ်ပြီး အိပ်ချင်လို့ပါဆိုကွာ''
..........
ဘာမှ ပြန်မပြောဘဲ စူးစမ်းသလိုလေး လာမော့ကြည့်နေတဲ့ နုလေးကြောင့် သီဟ မျက်နှာကို အစွမ်းကုန် ငယ်ထားလိုက်ရသည် ....
အတန်ငယ်ကြာအောင် အကဲခတ်နေပြီးတော့မှ သူကြောက်နေတယ်လို့ ယုံကြည်သွားပုံရတဲ့ နုလေးက သူ့ကို ပြုံးပြလာကာ.....''ကိုကို ကြောက်နေရင်လည်း အတူတူ အိပ်မယ်လေ ညအိပ်တဲ့အခါ ကိုကို့လက်ကို နု ကိုင်ထားပေးမယ်"
အဟားး......
သီဟ ရင်ထဲမှာ လိပ်ပြာ အကောင်ပေါက်လေးတွေ ပျံသန်းဖို့ အားယူနေကြသည့်အလား ရွစိရွစိ ခံစားနေရကာ ကြည်နူးရလွန်းနေသည့် စိတ်တွေနဲ့ လူက ဖျတ်ဖျတ်လူးအောင်ကို ခံစားနေရတော့သည်.....
"နုလေး''
''ရှင်'''
''နုလေး''
'''ရှင် ကိုကို''
''ကိုကို့ကို စိတ်ပူနေတာပေါ့လေ ဟုတ်လား''
'''ဟုတ် ကိုကို ကြောက်နေတယ်ဆိုရင် နုက ကာကွယ်ပေးမယ်လေ''
နုလေးရဲ့ နှုတ်ဖျားက ထွက်လာတဲ့ စကားလေးကို ကြားလိုက်ပြန်ရတော့ သီဟ ပါးစပ်က လုံးဝကို စေ့ထားလို့ မရတော့အောင် ဖြစ်လာပြီး ရင်ထဲမှာလည်း တဒုတ်ဒုတ်နဲ့ ခုန်နေတော့သည်.....
"ကာ...ကာ..ကွယ်.......မှာ ဟုတ်လား ကလေး"
''ဟုတ် နုကိုသာ ယုံလိုက် အိမ်ဆိုတာ ဘာမှ ကြောက်စရာ မရှိဘူးလေ ကိုကိုရဲ့''
![](https://img.wattpad.com/cover/368526360-288-k52922.jpg)
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...