Part _44

38.9K 1.9K 230
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _44

''လိုင်းပေါ်မှာ မရှိတော့ပေမယ့် လူတွေပါးစပ်ထဲမှာ ပြောစရာက ရသွားပြီ  FFက အငယ်ဆုံးလေးဟာ ဒီလို ကလေးပါလို့ လူတွေ သိသွားကြပြီလေ"

''အဲဒါ ဘာဖြစ်သလဲ မေမေ  ''

''ဘာ''

''ဘယ်သူက ဘာတွေပဲ ပြောနေနေ ဘာလို့  ဂရုစိုက်နေရမှာလဲ သူတို့တွေ ပြောနေလို့ ကျွန်တော်တို့ ပဲ့ပါသွားတာမှ မဟုတ်တာ သိပ်ကို ပြောချင်နေကြတယ် ဆိုရင်တော့ ကျွန်တော့်နားထဲကို မရောက်အောင် ပြောကြပေါ့  ဘယ်သူပြောလဲဆိုတာ သေချာသိတာနဲ့ မှတ်လောက်သားလောက်အောင်ကို  ဆုံးမမှာပါ''

''ဆုံးမတာကနောက် လူတွေ လက်ညိုးထိုးနေကြတာက အရင်လေ''

''ထိုးပါစေပေါ့ အဲဒီလက်ညိုးကို ရိုက်ချိုးပစ်မယ် လူတစ်ယောက်ဟာ ဟောဒီ ကမ္ဘာကြီးမှာ  အများနည်းတူ  နေထိုင် ရှင်သန်ခွင့်တွေ ရှိနေပါလျက်နဲ့ လူတွေကဲ့ရဲ့လက်ညိုးထိုးမှာကို ကြောက်လို့ဆိုပြီး  ပုန်းနေရမယ်ဆိုတာ ဘယ်လောက်တောင် အဓိပ္ပါယ် မရှိတဲ့ အတွေးလဲ မေမေ''

''အခု သားလုပ်တာကကော ဘယ်လောက်များ အဓိပ္ပါယ် ပိုရှိသွားလို့လဲ''

''ကျွန်တော့်အတွက်တော့ ရှိတယ်မေမေ နုလေးဟာ FF ရဲ့ အငယ်ဆုံးသမီး FF မှာ သားသမီးလေးယောက်ရှိတာ တစ်လောကလုံးက သိနေရမယ် ဘာအကြောင်းနဲ့မှ ဖွက်ထားစရာ မလိုဘူး''

''ဖွက်ထားတာ မဟုတ်ပါဘူး မေမေက စောင့်ရှောက်တာ အစွမ်းကုန် ကာကွယ်ပေးထားတာ မေမေ့သမီးငယ်လေးဟာ ဒီလိုကလေးပါလို့ ဘယ်သူ တစ်ဦးတစ်ယောက်ကမှ  ဘာဆို ဘာတစ်ခုမှ လာမပြောစေချင်ဘူး''

''အဲဒီစကားမျိုးတွေကို မေမေ မခံစားနိုင်ဘူး မကြားရက်ဘူး မေမေ့သမီးငယ်လေးက ပုံမှန်မဟုတ်ဘူးလို့ ဘယ်သူကမှ မသိစေချင်ဘူး သမီးလေးရဲ့ နားထဲကိုလည်း အရောက်မခံနိုင်ဘူး အဟင့် ဟင့်''

မေမေက ဒေါသတကြီး ပြောနေရင်းနဲ့  အသံလေးက တိမ်ဝင်သွားကာ ငိုချလိုက်တာမို့ သီဟ လန့်သွားရသည်.....

"ဟာ မေမေ''

''မေမေ''

''မေမေ့ မငိုပါနဲ့ မေမေရယ်''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now