Part _9

40.3K 1.4K 102
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 9

'''အဟား အစ်မကြီးကတော့ လုပ်ပြီးဟေ့ '''

""ဘာလဲ  ဘာအစ်မကြီးလဲ လူကို အားနေ အစ်မကြီးပဲ လာခေါ်နေတာပဲ  သွား'''

"ဟားဟားဟား''

သတို့သမီး ဝတ်စုံလေးနဲ့ သူ့ကို ရန်တွေ့နေတဲ့ နုလေးကို ကြည့်ပြီး သီဟ အော်ရယ်မိတော့သည်....

"ဘာလို့ ရယ်နေရတာလဲ''

''အာ ဂွတော့ ကျနေပါပြီ ကလေးရယ်''

''ဘာဂွကျတာလဲ''

''ဟားဟားဟား''

''ကဲ ဂွမကျရင်လည်း အခန်းထဲကိုဝင်တော့ ဆံထုံးတွေ ကိုကို ဖြုတ်ပေးမယ်လေ လာ ကလေး လာ''

ပြောရင်း သူလက်ကမ်းပေးလိုက်တော့ နုလေးက အနောက်ကို ကိုယ်လေး ရို့သွားပြီး...

''မလာဘူးလို့  အခန်းထဲကို မဝင်ချင်ဘူး နုကို လာမထိနဲ့"

''ဟာ နုလေး''

''ဟော သားနဲ့ သမီးက အခုထိ အခန်းထဲကို မဝင်ရသေးဘူးလား''

တစ်အိမ်သားလုံး ပြန်ရောက်လာကြကာ  မေမေ့အသံကြားလိုက်တာနဲ့ နုလေးက မေမေ့နားကို ပြေးသွားတော့သည်....

"မေမေ''

''ပြောလေ သမီးလေး''

''နုက နုကလေ ကိုကိုနဲ့ တစ်ခန်းထဲ အတူတူ သုံးရမယ်လို့ ကိုကိုက လာပြောနေတယ် မေမေ''

တိုင်တောသလိုလေး လာပြောနေတဲ့ သမီးနုလေးကြောင့် စိမ်း မျက်ခုံးတွေ ပင့်သွားရပြီး....

"ဟင် ဟုတ်တယ်လေ သမီးလေးရဲ့ ကိုကိုနဲ့ သမီးက ဒီနေ့ကစပြီး တစ်ခန်းထဲ အတူတူ သုံးရတော့မှာလေ''

နုလေးက မကျေနပ်သလို သူ့ကို မျက်စောင်းထိုးကြည့်လာပြီး...

"နု မနေချင်ဘူး မေမေ  နုမှာ အခန်းလှလှလေး ရှိတယ်လေ ကိုကို့အခန်းမှာ မနေချင်ပါဘူး''

''ကိုကို့အခန်းလည်း အရမ်းလှတာ သမီးရဲ့ အခုဆို ဘီရိုတွေ ကုတင်တွေပါ အသစ်ထည့်ထားတာ ပိုတောင် လှသေး ''

''ဟုတ်လား''

''လာ သမီးလာ မေမေပြမယ် လာကြည့်''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now