💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 19"Ring......Ring.....Ring"
"ဟယ်လို "
"ဦးသန့်သီဟနောင်ဖုန်းဟုတ်ပါသလား "
"ဟုတ်ပါတယ် "
"MHFSကဆက်တာပါ နုလေးသွယ်ကလေ တအားငိုပြီး အိမ်ပြန်မယ်ချည်းပြောနေလို့ အုပ်ထိန်းသူဆီဆက်လိုက်တာပါရှင့် "
"ဗျာ "
@@@@@@@@@@@@@"ကျွီ!!!''
"ဝူးးး''
သီဟ ကားကို ဘရိတ်ဆောင့်နင်းကာ ချက်ချင်း ပြန်ကွေ့လိုက်ပြီး နုလေးရဲ့ကျောင်းကို အမြန်ဆုံးရောက်အောင် မောင်းလာခဲ့တော့သည်....
"ကျွီ!!!''
ကျောင်းရှေ့ရောက်လို့ ကားပေါ်က ဆင်းပြီး အထဲကို လှမ်းကြည့်လိုက်တော့ တွေ့ပါပြီ သူ့ရဲ့နုလေး..... ဆရာမနဲ့ အတူတူ စာသင်ဆောင်ရှေ့မှာ ရပ်ပြီးငိုနေတာကို မြင်လိုက်ရတော့ သူ့ရင်တွေ ဆို့နင့်သွားရပြီး အသံကုန် အော်ခေါ်လိုက်မိတော့သည်....
"နုလေး!!!''
''ကိုကို''
''ကိုကိုရေ''
နုလေးဟာ သူ့ကို မြင်လိုက်တာနဲ့ ဆရာမလက်ထဲကနေ အတင်းရုန်းပြီး သူ့ဆီကို ပြေးထွက်လာလေသည် .....ကျောင်းတံခါးဖွင့်ပေးတာနဲ့ တစ်ပြိုင်နက် သီဟလည်း ကျောင်းဝင်းထဲကို အမြန်ဝင်ပြေးဝင်လိုက်တော့သည်.....
''နုလေး"
''ကိုကို့ ''
''အဟင့် ဟင့် ''
နီးလာတော့ နုလေးရဲ့ ငိုသံလေးကိုပါ ကြားနေရတာမို့ သီဟပါ မျက်ရည်ဝဲလာတော့သည် .....
မနက်က သူကိုယ်တိုင် ရွေးထုတ်ပြီး ဆင်ပေးလိုက်တဲ့ လေးထောင့်ပုံကော်လံမှာ နက်ပြာအကွက်လေးတွေ ကွပ်ထားတဲ့ အင်္ကျီဖြုဖြူလေးကို ဒူးလည်လောက်ထိ ရှည်တဲ့ စကတ်နက်ပြာလေးနဲ့ တွဲဝတ်ထားတော့ တကယ့်ကလေးငယ်လေးလို ဖြစ်နေတဲ့ နုလေးဟာ စကတ်လေးကို လက်ဖျားလေးနဲ့မပြီး သူ့ဆီကို အားကိုးတကြီးလေး ပြေးလာနေတဲ့ပုံလေးက သူ့ရင်ထဲကို အရှိန်ပြင်းပြင်းနဲ့ ဝင်လာတော့သည် ....
သီဟ မြက်ခင်းပေါ်ကို ဒူးထောက်ချလိုက်ပြီး သူ့လက်နှစ်ဖက်ကို ဆန့်တန်းပေးထားလိုက်တော့ အနားကို ရောက်လာတဲ့ သူ့ရဲ့ နုလေးဟာ ရင်ခွင်ထဲကို ပစ်ဝင်လာပြီး သူလည်တိုင်ကို တင်းနေအောင် လာဖက်ထားရှာလေသည်.....
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...