💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _64"သမီးနဲ့သားသီဟရဲ့ ကလေးတွေပေါ့ သမီးရဲ့ "
"ဟင် နုနဲ့ ကိုကို့ကလေးတွေ ဟုတ်လား "
နုလေးကမျက်ခုံးတွေပင့်ကာ သီဟဘက်ခေါင်းစောင်းလှည့်လာရင်း...
"ကိုကို ဒါကိုရှင်းဦး ဘယ်လိုလုပ်မလဲ နိုင်ငံခြားကလည်းမှာမရဘူးနော် "
"ဟင်''
''ဟောတော်''
နုလေးက သူ့ကိုမော့ကြည့်ပြီး လာပြောနေတဲ့စကားကြောင့် ဖေဖေနဲ့မေမေက အံ့ဩနေကြသလို ဝေတို့ လင်မယားကပါ ပါးစပ်အဟောင်းသားနဲ့ ဖြစ်နေကြတော့သည်....
နုလေးရဲ့လက်ကလေးကို သူမသိမသာ ဆွဲညှစ်လိုက်ရင်း.....
"ဟာ နုလေး မနောက်နဲ့လေ ကလေးရယ် ဖေဖေက အတည်ပြောနေတာလေ''
ဖေဖေက နုလေးကို ချစ်စနိုးနဲ့ ပြုံးကြည့်နေရာက သူ့မျက်နှာကို တည့်တည့်ကြည့်ကာ ......
"ကဲ ဘယ်လိုလဲသား မိသားစု plan ကို ငါ့သား ဘယ်လို ဆွဲထားလဲ''
''ဒီတလောတော့ ကျွန်တော်နည်းနည်း ရုန်းလိုက်ဦးမယ် ဖေဖေ ကျွန်တော်တို့ဘဝထဲကို ဝင်လာမယ့် ရင်သွေးလေးကို ပြည့်စုံကုံလုံတဲ့ အနေအထားမျိုးနဲ့ ကြိုနိုင်မှ ကလေးယူမှာပါ နုလေးကိုလည်း လွတ်လွတ်လပ်လပ်ကလေး နေစေချင်ပါသေးတယ်"
''သားရယ် သားတို့ မောင်နှမလေးယောက်အတွက် ဖေဖေ့အမွေတွေက အညီအမျှ ပုံပြီးသား ဝေပြီးသားပါကွ ငါ့သား ဒီအမွေတွေကို အသုံးပြုစေချင်ပြီ မောင်နှမတွေပဲ သားရယ် မာနတွေ မထားပါနဲ့တော့လား ဝေတို့ ပြောတာကိုများ ခေါင်းထဲကို ထည့်မနေစမ်းပါနဲ့ ဖေဖေတို့လည်း မထည့်ဘူး ''
ဖေဖေ့စကားကြောင့် ဝေမာ့မျက်နှာက မည်းကနဲ ဖြစ်သွားတာကို သီဟ မြင်ပေမယ့် မမြင်ချင်ယောင် ဆောင်လိုက်ရင်းဖေဖေ့ကို အေးချမ်းစွာ ပြုံးပြလိုက်သည်.....
"ကျေးဇူးအများကြီး တင်ပါတယ် ဖေဖေ ဖေဖေ့တို့ရဲ့စေတနာကိုပဲ လက်ခံပါ့မယ် ကျွန်တော်တို့ အခုလည်း အဆင်ပြေပါတယ် ကျွန်တော် ကြိုးစားမှာပါ"
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...