💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 18"ကဲ နုလေးကျောင်းတက်ရင် ကိုကိုက နုလေးကို ကိုယ်ပိုင်ဖုန်းဝယ်ပေးမှာနော်"
"ဟင်"
"အပိုတွေ "
"တကယ်ပြောတာ နုလေးက ကိုရီယားမင်းသမီးတွေကိုင်တဲ့ Samsaung ခေါက်ဖုန်းလေးကိုင်ချင်နေတာမလား ကျောင်းတက်မယ်ဆို ကိုကိုဝယ်ပေးမယ်"
နုလေးရဲ့ မျက်နှာလေးဟာ ဝင်းကနဲ ဖြစ်သွားပြီး.....
"တကယ် ဝယ်ပေးမှာလား ကိုကို''
''တကယ်ပေါ့ ကျောင်းနေပြီဆိုမှတော့ ဖုန်းရှိရမှာပေါ့''
''ဟင်''
နုလေးရဲ့ မျက်နှာလေးက တစ်ခုခုကို တွေးနေဟန်လေးနဲ့ ငေးသွားပြီး....
"ဒါဆို နုလေးက ကျောင်းမနေလို့ ဖုန်းမကိုင်ရတာပေါ့နော်''
''ဟာ နုလေး အဲလို မဟုတ်ဘူးလေ''
''ဖေဖေနဲ့မေမေကလေ နုက ဖုန်းဝယ်ပေးပါလို့ ခဏခဏပြောပေမယ့် တစ်ခါမှ မဝယ်ပေးဘူး မမဝေရောမမခေရော မိချစ်မှာပါ ဖုန်းရှိတယ်လေ နုမှာပဲ မရှိတာ''
''နု ပြောလိုက်ရင် အင်း ဝယ်ပေးမယ် ဝယ်ပေးမယ်နဲ့ ဝယ်ပေးတော့လည်း ဇာတ်ကားကြည့်လို့ မရတဲ့ဖုန်းကို ဝယ်ပေးတယ်လေ အဲဒါကို နုကမရချင်တော့ ခွမ်းဆို ပေါက်ခွဲပစ်လိုက်တယ် ဟွန့်''
''ဟာ အဲလို မကြမ်းရဘူးလေ ကလေးရယ်''
''ပြောလာရင် ကလေးဆိုတာ ဖုန်းမကိုင်ရဘူးတဲ့''
'''အင်းလေ ဟုတ်တယ်လေ ကလေးဆိုတာ ဖုန်းမကိုင်ရဘူး ကီးပက်ဖုန်းလေးကလည်း ဖုန်းဆက်လို့ ရတယ်လေ ကလေးရဲ့ ''
''နုမှ အဲဒီဖုန်းကို မကိုင်ချင်တာလို့ ကီးပက်ဖုန်းက အရမ်းကောင်းရင် ကိုကို ကိုင်ပါလား ''
'''အာ ကိုကိုက တခြားလုပ်စရာတွေလည်း ရှိလို့ ကိုင်တာပါ ကလေးရယ်''
''သွား နုကို ကလေးလို့ လာမခေါ်နဲ့'''
''ဟင်''
''ဟိုလူကလည်းကလေး ဒီလူကလည်းကလေးနဲ့ ကလေးဆိုရင် နုကို ဘာလို့ ယောက်ျားပေးစားနေသေးလဲ''
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...