Part_28

45.1K 1.6K 188
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 28

အကျင့်ရနေတဲ့ သီဟရဲ့ မျက်လုံးတွေက မနက် ငါးနာရီခွဲကျော်တာနဲ့ အလိုလို ပွင့်နေလျက်သား....

လူပျိုတုန်းကတော့ နိုးလာတာနဲ့ ချက်ချင်းထ ကိုယ်လက်သန့်စင်ပြီး exercise လုပ် ရေချိုး မနက်စာစားကာ  အလုပ်တက်ဖို့ အစောကြီး ready ဖြစ်နေတတ်သည်.....

အခုတော့ မနက်ဆို သူ မထနိုင်တော့တာ ဘယ်လောက်တောင် ကြာနေပြီလဲ မထနိုင်ဆိုတာထက် မထချင်တာလို့ ပြောတာက ပိုမှန်လိမ့်မည်။ မနက်နိုးလာတာနဲ့ သူ့ဘေးမှာ အိပ်ပျော်နေတဲ့ အိပ်ပုတ်မလေးကို ငေးကြည့်နေရတဲ့ အလုပ်က အရမ်းကို အရေးကြီးနေတော့ exercise ဘက်ကို မလှည့်နိုင်တော့ဘူးလေ .....

ညနေဘက်ပြန်လာတော့လည်း ဘာမှမထူး ရေချိုး ထမင်းစား သူမလေး ကျောင်းမှာသင်လာတာလေးတွေကို ပြန်သင် စာမေး ကျောင်းမှာ ကြုံလာခဲ့တာလေးတွေပြောပြတာကို နားထောင်ပေးနဲ့ သူ့အချိန်တွေ အားလုံးဟာ နုလေးအတွက်သာ ဖြစ်နေခဲ့လေသည်......

ကျောင်းမှာ ရွယ်တူတွေရော အရွယ်မတူတဲ့ ကလေးတွေနဲ့ပါ နေ့စဉ်ကြုံတွေ့နေရတော့ နုလေးဟာ ပေါင်းသင်းဆက်ဆံရေးကို နားလည်လာသည်.....

အရင်လို သူဖြစ်ချင်တာ ရချင်တာကိုပဲ သိတာမျိုး မဟုတ်တော့ဘဲ တခြားလူအတွက်ကိုပါ စဉ်းစားပေးတတ်လာသည် မနေ့ကလို အနေအထားမျိုးကတော့ ခြွင်းချက်ပေါ့လေ အဟွန်း......

အတူတူ နေလာကြတာကြာတော့ သူ့ရဲ့နုလေးဟာ သူ့လက်မောင်းပေါ်မှာအိပ်ဖို့  မငြင်းဆန်တော့သလို ဖွဖွလေး ဖက်ထားရင်လည်း ဘာမှ မပြောရှာပါ.....

သူ့မျက်လုံးထဲကို သေချာစိုက်ကြည့်လာပြီး ကိုကိုက ဒီလိုလေးနေချင်တာလားလို့ မေးကာ အသည်းယားစရာ ကောင်းလှတဲ့ အပြုံးလေးနဲ့ လာခြွေချနေတော့ ဒီကကောင်က ရင်ထဲက အသည်းနှလုံးတင်မက တစ်ကိုယ်လုံး အရည်တွေ ပျော်ကျလို့နေပြီ .....

အခုလည်း ကြည့်ပါဦးအိပ်နေလိုက်တာက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်သလဲဆိုတာ မျက်တောင် ခတ်မိမှာ တောင် စိုးနေမိတော့သည်  ......

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now