Part _13

36.9K 1.4K 104
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 13

"နုလေး "

"ရှင် "

"ဘာဖြစ်လို့ကြာနေတာလဲ ထွက်လာတော့လေ အပြင်လျှောက်လည်မယ်"

သူပြောတာကို အသံမပေးဘဲ နုလေးကငြိမ်နေပြန်တာကြောင့် သီဟတစ်ယောက်စိုးရိမ်သွားလေသည်..

"နုလေး ဘာဖြစ်နေတာလဲ တံခါးဖွင့်...
အခုချက်ချင်းဖွင့်"

''ဒေါက်ဒေါက်''

''ဒေါက် ဒေါက် ဒေါက်''

''နုလေး''

''နုလေး''

''နုလေးရေ ဘာတွေ ဖြစ်နေတာလဲ ကလေး''

ကိုကိုက တံခါးကို အတင်းခေါက်ပြီး အော်နေတာကြောင့် နုစိတ်ညစ်လှသည်....
နုက အင်္ကျီမဝတ်ရသေးဘူးလေ အချိန်ကလည်း ကြာနေပြီ....
ဘော်လီချိတ်ကလည်း ဘယ်လိုမှ ချိတ်လို့မရ ဘယ်လိုလုပ်ရမလဲ ဆိုတာကိုလည်း နုမသိတော့တာကြောင့် တံခါးဖွင့်ပေးလိုက်တော့သည်...

"ကလစ်''

''ဟင်''

ရေချိုးတံခါး ပွင့်လာတာနဲ့ သူအလျင်စလို လှမ်းဝင်လိုက်တော့ ရေချိုးပြီးတော့ တဘက်ကလေး ပတ်ထားတဲ့ နုလေးဟာ လက်ထဲမှာ ဘော်လီလေးကိုင်ပြီး မျက်နှာငယ်လေးနဲ့ ရပ်နေရှာလေသည် .....

သူ့ကိုမြင်တော့ အားကိုးတကြီးလေးနဲ့ လာမော့ကြည့်နေတဲ့ မျက်ဝန်းလေးတွေနဲ့အဆုံမှာ သူ့ရင်ထဲမှာ ဘာတွေ ဖြစ်သွားမှန်းမသိအောင် ခံစားလိုက်ရသည်....
အမျိုးအမည်မသိတဲ့ ဒီခံစားချက်က ဘာများဖြစ်မလဲ သူမစဉ်းစားအား....

"ဘာ ဘာဖြစ်နေတာလဲ ကလေး ဟင် ''

ကြင်နာစွာ ငုံ့ကြည့်ပြီး သူမေးလိုက်တော့ နုလေးက နီညိုရောင် ဘော်လီလေးကို မရဲတရဲလေး မြှောက်ပြလာကာ ....

"နု နု မဝတ်တတ်လို့ကိုကို ချိတ်ကလေ ချိတ်လို့လည်း မရဘူး''

'''ဟာ''

သူ့စိတ်တွေက ပူလွန်းနေပြီး ဘာပြဿနာများ ကြုံနေရတာလဲလို့ မျက်နှာလေးကိုပဲ အကြည့်ရောက်ပြီး မေးနေရာက အခုမှ တစ်ကိုယ်လုံးကို သေချာကြည့်မိတော့သည်....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now