Part _23

43.1K 1.6K 93
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 23

"သီဟ''

''ဟာ ဆရာ ''

နုလေး ကျောင်းဆင်းချိန်နီးလို့ သွားကြိုတော့ ကျောင်းထဲကနေ founder နဲ့အတူ ထွက်လာနေတဲ့ ဆရာ ဦးဇော်မိုးဆွေကို တွေ့လိုက်ရတာမို့ သီဟ အံ့ဩသွားရသည်......

"ဆရာ့ သူငယ်ချင်းနဲ့  လာတွေ့တာလေ''

"ဟုတ်ကဲ့ ဆရာ''

''မိုးလွင် သူက သန့်သီဟနောင်တဲ့ ကိုယ့်သားလို ချစ်ရတဲ့ ကလေးလေ မင်းတို့ကျောင်းက နုလေးသွယ်ရဲ့ အမျိုးသားပေါ့''

"ကိုယ် သူ့ကို မှတ်မိပါတယ်  မင်းကလည်း ဖုန်းကြိုဆက်ထား သူကလည်း သူ့အမျိုးသမီးအတွက် သေချာကို request လုပ်နေတော့ ကောင်းကောင်းကြီးကို မှတ်မိနေတာ"

ဆရာနှစ်ယောက်ရဲ့ စကားကြောင့် သီဟ ရှက်ပြုံးပြုံးလိုက်မိရင်း.....

"ကျွန်တော့် ကလေးကို စိတ်ပူလို့ပါ ဆရာ ''

''နုလေးသွယ်က သာမန် မဟုတ်တဲ့ ကလေးမို့ သီဟ ခံစားချက်ကို ဆရာတို့ နားလည်ပါတယ် ဆရာဒီကျောင်းကို စထူထောင်ကတည်းက ငွေကြေးထက် ဒီလိုကလေးတွေရဲ့ဘဝကို အတတ်နိုင်ဆုံး မြှင့်တင်ပေးချင်တဲ့ စိတ်နဲ့ စလုပ်ခဲ့တာပါ  ''

''ဟုတ်ကဲ့''

''ဆရာကြုံတုန်းလေး ပြောချင်တာက သင်ထောက်ကူနဲ့ ပတ်သက်တဲ့ Facility's ကို update ဖြစ်အောင် အမြဲ ဖြည့်နေရတော့ ကျောင်းရဲ့ fees က များသလို ဖြစ်နေတာကို ဆရာလျှော့ချဖို့ လုပ်နေပါတယ် လူတန်းစားမရွေး တက်နိုင်အောင်ပေါ့လေ''

''အရမ်းအခက်အခဲ ဖြစ်နေတဲ့ မိသားစု အနေအထားမျိုးဆိုရင် free တက်ခွင့် ပေးထားတော့ ပြည့်စုံတဲ့ မိသားစုတွေဆီရတဲ့ feesနဲ့ ဆရာက ကျောင်းကို run ရပါတယ် ....ကျောင်းသားကျောင်းသူ မများသေးတော့ ဒီလူနည်းစုဆီက ရတာနဲ့ပဲ  လည်ပတ်ရသလို ဖြစ်နေတာလေ"

''ဟုတ်ကဲ့ ကျွန်တော် သဘောပေါက်ပါတယ် ဆရာ ......ကလေးတစ်ယောက် လူ့လောကကြီးမှာ အမှီအခိုကင်းကင်း ရပ်တည်နိုင်ဖို့ လူတွေကြားထဲမှာ အများနည်းတူ သွားလာနေထိုင်ပြောဆိုတတ်ဖို့ သင်ပေးတဲ့ကျောင်းမျိုး ဒီလိုနေရာမျိုးကို ဘယ်တန်ဖိုး ဖြတ်လို့ရမှာလဲ ဆရာရယ် ''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now