💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 22ငလျှင်လှုပ်သွားတာတဲ့ လှုပ်သွားတဲ့စကေးကတော်တော်ကြမ်းတယ်ဆိုပဲ...
ဘုရားစူး တကယ်ကို သူသည် ငလျှင်လှုပ်သွားတာကို မသိလိုက်တာအမှန်ပါ.....
ကိုယ့်ရင်ခုန်သံနဲ့ကိုယ် တဖြုတ်ဖြုတ်ကြွေကျရင်းလူက ရင်တုန်ကြွေကျပြီးဗြောင်းသတ်နေခြင်းဖြစ်သည်...ခေနဲ့မိချစ် ပြန်သွားတော့ နုလေးကို လိုက်ရှာဖို့ လုပ်ရသည်....
ကိုယ့်စိတ်ကိုယ် အခုမှ သေချာသိလို့ ရင်ဘတ်ကြီးက ပေါက်ထွက်တော့မတတ် ခုန်နေပါတယ်ဆိုမှ သူတို့က တစ်မျိုး .....အောက်ထပ်က အခန်းတွေထဲမှာ အကုန်နှံ့အောင် ရှာပြီးတော့ အပေါ်ထပ်ကို ပြေးတက်ဖို့ လုပ်တုန်း လှေကားနားမှာ အလှထားတဲ့ အလှပန်းအိုးနဲ့ ကြိမ်ပါတေးရှင်း ကြားထဲမှာ ဖြတ်ကနဲ မြင်လိုက်ရတဲ့ အဖြူရောင်လေး .....
အဟား......
ပါတေးရှင်းကို အသာလေး မလိုက်ပြီး အဖြူရောင်လေး ဝတ်ထားတဲ့ သူ့ရဲ့ နုလေးကို လက်မောင်းလေးကနေ အသာအယာလေး ဆွဲထုတ်လိုက်သည်.....
အပြင်ကို ရောက်လာလို့ သေချာ ငုံ့မိုးပြီး ကြည့်လိုက်တော့ နုလေးရဲ့ အသားဖြူဖြူလေးဟာ ပန်းရောင်လေး ဖြစ်လို့ နေလေသည်.....
မျက်နှာလေးကို အတင်းငုံ့ချထားရာက လုံးဝ မော့မလာဘဲ ပြေးပေါက်ချောင်းနေပြီး ခဏနေတော့ လှစ်ကနဲ ထွက်ပြေးတော့သည်....
"ဟိတ်''
ခြေနှစ်လှမ်းတောင် မပြည့်ခင် သူဖမ်းဆွဲပြီး ကောက်ချီပစ်လိုက်တော့ ပါးလှပ်လှပ် ခန္ဓာကိုယ်လေးဟာ သူ့ရင်ခွင်ထဲမှာ စွေ့ကနဲ ပါလာလေသည်..... အတင်းရုန်းကန်ပြီး လျှောချနေတာမို့ သူဆွဲညှစ်ထားလိုက်ရင်းနှစ်ယောက်ထိုင် ဆက်တီမှာ ဝင်ထိုင်လိုက်သည်.....
''ဟား ဟား ဒီလို လုပ်လို့ ရမလားကွ ဟင် ခင်ဗျားလေးက ဘယ်ကိုများ ပြေးချင်နေတာလဲ"
''ကိုကိုနော်''
''ဟ ဘာမှတောင် မလုပ်ရသေးဘဲနဲ့ ကိုကိုနော်တွေ လာလုပ်နေတယ် ''
''နုကို လွှတ်ပါ''
''မလွှတ်ဘူးကွာ''
''ကိုကို့ ဖယ်ပါဆို အဟင့် နုလေး ငိုလိုက်မှာနော် ''

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...