💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _39"ဇေ''
''နင် နင် နင် ဘာပြောလိုက်တယ် အခု နင် နင်က''
''ဆောရီးပါ ခေ ကိုယ်တကယ်ကို တောင်းပန်ပါတယ် အမှန်တကယ်တော့ ကိုယ်မင်းနဲ့ လက်ထပ်ခဲ့တာဟာ ဟို ကိုယ်......နုလေးနားမှာ ''
''ဖြန်း''
''အမလေး သားလေး''
''ဇေငြိမ်းစျာန် နင် နင် ဘယ်လိုမျက်နှာနဲ့ ခွေးစကားတွေ လာပြောတာလဲ"
''ကိုယ်ပြောတာ ဆုံးအောင် နားထောင်ပါဦး
ခေရယ် နုလေးကို ကိုယ် နမ်းခဲ့ဖူးတာ မှန်ပါတယ် ခြိမ်းခြောက်ခဲ့တာလည်း မှန်ပါတယ် ဒါပေမယ့် အခု အဲဒီလို ယုတ်မာတဲ့စိတ်တွေ မရှိတော့ပါဘူး သူ့ကို ငေးကြည့်နေခွင့် ရရုံလေးပဲ ကိုယ်က ရည်ရွယ်.....""ဖြန်း"
''ဖြန်း''
ကိုကြီးထိုးထားလို့ ကြည့်မကောင်း မြင််မကောင်းအောင် ဖြစ်နေတဲ့ ဇေ့ကို ခေ ထပ်ရိုက်ပစ်တော့ ဇေ့ မျက်နှာဟာ ဘယ်ပြန်ညာပြန် လည်ထွက်သွားတော့သည်.....
"အောက်တန်းစား''
''ဟဲ့ နင် ဘာစကား ပြောတာလဲ ခေမာသွယ် ဒါ နင့်ယောက်ျားလေ ကိုယ့်အိမ်ဦးနတ်ကို လေးစားရကောင်းမှန်း နားမလည်ဘူးလား''
''အဟင်း ဘာယောက်ျားလဲ ဘာအိမ်ဦးနတ်လဲ လေးစားရမယ် ဟုတ်လား အန်တီတို့သားနဲ့ ဒီစကားလုံးနဲ့ တန်လို့လား''
"ဘာ''
''ခေမာသွယ်ကို ဒီလို လူပါးဝလို့ ရတယ်လို့ ဘယ်သူပြောလဲ ရှင်တို့ကို ဘယ်သူက ပြောလိုက်တာလဲ''
''သမီး ခေမာ''
"မတားနဲ့ မေမေ ခေပြောပြပါရစေ ....ခေ့ကို ဒီကောင် လူလို့ရော သတ်မှတ်သေးရဲ့လား "
"ကိုယ်တောင်းပန်ပါတယ် ဒါပေမယ့် ကိုယ့်မိန်းမက မင်းပါ "
"ဖြန်း"
ဘယ်လောက်တောင်လူပါးဝလိုက်တဲ့စကားလဲ..
ဒေါသကိုထပ်မထိန်းနိုင်ဘဲ တစ်ချိန်က သူမ
မြတ်မြတ်နိုးနိုးနမ်းရှိုက်ခဲ့ရတဲ့ပါးကို အားကုန်လွှဲရိုက်ပစ်လိုက်တော့သည်.....
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...