💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _35"နု ခေါင်းမူးတယ် ကိုကို အိမ်ပြန်ရအောင်"
"ဟင်"
"အရမ်းမူးနေလား ကလေး မှန်း ကိုယ်လည်း မပူပါဘူး"
နုလေးရဲ့ နဖူးပြင်လေးကို သီဟ စိုးရိမ်တကြီးနဲ့ စမ်းကြည့်လိုက်တော့ အပူချိန်က ပုံမှန်ဆိုပေမယ့် ဇောချွေးလေးတွေပါ ပျံနေကာ ကြည့်ရတာ အခြေအနေက သိပ်တော့မဟန်.....
"အိမ်ပြန်ပြီး နားမလား ကလေး''
''ဟုတ်ကဲ့ ဟုတ်ကဲ့ ပြန်မယ် နုအိမ်ပြန်မယ် ကိုကို''
အိမ်ပြန်မယ်ဆိုတော့ နုလေးက အားတက်သရောလေး တုန့်ပြန်လာတာမို့ မေမေတို့ကို ပြောပြီး ခန်းမထဲကနေ ထွက်လာခဲ့လိုက်သည်....
သူ ရှိနေတဲ့ဘက်ကို လှည့်တောင် မကြည့်ဘဲ
ကိုသီဟရဲ့ လက်မောင်းကို အားကိုးတကြီး နဲ့ မလွတ်တမ်း ဖက်တွယ်ထားပြီး ခန်းမထဲက ထွက်သွားတဲ့ နုလေးသွယ်ကို ကြည့်ကာ ဇေ ခံရခက်လှသည်.....
ကိုယ့်ကို ငေးကြည့်နေခွင့်လေးတောင် မပေးချင်ဘူးလား ယုန်ဖြူလေးရယ်....ကားပေါ်ရောက်တော့လည်း နုလေးက ဂဏှမငြိမ်ဘဲ နောက်ကို လှည့်ကြည့်နေလေသည် ....
"ဘာဖြစ်လို့လဲ ကလေး''
''ဟင့်အင်း''
''အခု ဘယ်လိုနေသေးလဲ ဆေးခန်း ဝင်လိုက်ရအောင်''
''ဟင့်အင်း ကိုကို နု သက်သာတယ် အိမ်မှာ နားလိုက်ရင် ရတယ်''
''ဝင်ပြလိုက်တော့ ဘာဖြစ်နေလဲ သိရတာပေါ့ ကလေးရယ်''
''ဟင့်အင်း မပြချင်ပါဘူးဆို ''
''ကဲ ကဲ မပြချင်ဘူးဆိုရင်လည်း သဘောဗျာ အဆင်ပြေတာ တကယ် သေချာတယ်နော်''
''အင်းပါဆို''
နောက်ကျောမလုံသလို ပုံမျိုးလေးနဲ့ တစ်ခုခုကို စိတ်ပူပန်နေမှန်း သိသာလှတဲ့ နုလေးကို ကြည့်ကာ သီဟ တွေးရခက်နေလေသည်.....
အိမ်ကို ရောက်တော့ အရင်လို ကားပေါ်ကဆင်းပြီး အိမ်တံခါး ကြိုမဖွင့်ထားဘဲ သူ့ကို ရပ်စောင့်နေကာ သူနဲ့ အတူတူ ဝင်ပြီးမှ တံခါးကို သေချာ ပြန်ပိတ်နေလေသည်....

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...