Part _67

56K 1.8K 138
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _67

အမှတ်ကိုမြင်လို့ ဝမ်းသာနေတဲ့ ဝန်းလေးက  ငိုနေတဲ့သားကို မငိုပါနဲ့လို့ တစ်ခွန်းပြောလိုက်ရုံ ရှိသေး ပုခက်ထဲက ပေါက်စနက ဘာများ နားလည်လို့ တိတ်သွားရတာတဲ့လဲ သီဟ လုံးဝကို လိုက်မမီတော့ ......

သူ့သားပေါက်စလေးကို တစ်လှည့် ဝန်းလေးရဲ့ မျက်နှာကို တစ်လှည့် ကြည့်ပြီး ပါးစပ် မပိတ်နိုင်တော့တဲ့ သီဟကို ဟန်ခမ်း အေးချမ်းစွာ ပြုံးပြလိုက်သည်........

"ယုံပြီလား သီဟ''

''ဟင်''

''အန်ကယ်သီဟကို ဝန်းခဏခဏပြောတယ်လေ အခုမွေးမှာက ဝန်းရဲ့ တူပါဆို အန်ကယ်က ယုံမှ မယုံတာ''

''ဟာ''

''ဘယ်လို''

ဒီတစ်ခါ အသံထွက်လာတာက ဖေဖေနဲ့ မေမေ့ဆီကဖြစ်သည် .....ဝန်းတို့ ဝင်လာကတည်းက သွက်လက်ချက်ချာလှတဲ့ ဒီကောင်လေး လုပ်သမျှ ပြောသမျှကို မေမေတို့က ခေါင်းချာချာလည်အောင် ငေးနေကြတာ ဖြစ်သည်.... ခေမာကတော့ မေမေတို့နဲ့ ပါလာပြီး company မှာ meeting ရှိနေလို့တဲ့ ခုနကလေးတင် ပြန်သွားပြီဖြစ်သည် ....

"သားသီဟ ဘာဖြစ်တယ် မြေးလေးက ဒီက  ကလေးလေးရဲ့တူ ဟုတ်လား ဘာတွေလဲ သားရယ် မေမေတို့ နားလည်အောင် ပြောပြစမ်းပါဦး''

''ဟုတ်ကဲ့ပါမေမေ ဒီဇာတ်လမ်းကို ရှင်းပြဖို့ ကျွန်တော်အရင် မိတ်ဆက်ပေးပါရစေ ''

''အင်း လုပ်ပါဦး''

''ဒါက စိုင်းဟန်ခမ်းဖိတ်တဲ့ ကျွန်တော်တို့က အသက်လည်း သိပ်မကွာကြတော့ ဟန်ခမ်း သီဟ အဲလိုပဲ ခေါ်ကြတယ်''

''ဟုတ်လား တွေ့ရတာ ဝမ်းသာပါတယ် သားရယ်''

''ဟုတ်ကဲ့ခင်ဗျ"

''ဟန်ခမ်း ဒါ ကျွန်တော့်ဖေဖေနဲ့ မေမေလေ
ဦးထွန်းနောင်နဲ့ဒေါ်စိမ်းမြကြည်တဲ့ "

''တွေ့ရတာ ဝမ်းသာပါတယ် အန်ကယ်နဲ့အန်တီ
သီဟနဲ့ နုလေးတို့လင်မယားကတော့ ကျွန်တော့်သားကို အကြောင်းပြုပြီးတော့ ဆွေမျိုးရင်းချာတွေလို ဖြစ်နေပါပြီ ခင်ဗျ"

''အန်ကယ်တို့က ကျေးဇူးအများကြီး တင်ပါတယ် သားရယ် သမီးတို့ အိမ်ကို သွားရင် သားလက်ရာနဲ့ အိမ်လေးက တဖြည်းဖြည်း ပိုလှလာတာကို အန်ကယ်တို့ သိတယ်လေ အဲဒီကတည်းက နာမည်တွေတော့ ကြားနေတာ ကြာပါပြီ လူချင်းကတော့ အခုမှ ဆုံဖူးကြတော့တာပဲ"

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now