💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 20"စိတ်မရှိပါနဲ့ အရေးကြီးဖုန်းမို့ပါ"
လက်ထောင်ပြပြီး သူကဖုန်းကိုင်လိုက်လေသည်...
"ဟယ်လို"
"ကို ကို နုလေ ကိုကို့ ကိုအရမ်းချစ်တယ် "
"ကိုကိုရော နုကို ချစ်လားဟင်"
"ဟင်''
ဖုန်းထဲကနေ ကြားလိုက်ရတဲ့ နုလေးရဲ့အသံ ချိုချိုလေးကြောင့် သီဟ တစ်ကိုယ်လုံး ဝုန်းကနဲ မြည်သွားသလိုမျိုး ခံစားလိုက်ရသည်....
"နု နုလေး''
''ကိုကိုရော နုကို ချစ်လား.......လို့''
''ဟို အဲ နုလေး ကိုကိုကလေ''
''ဒေါက် ဒေါက် ''
''ဥက္ကဌကြီးဆီက ဖုန်းလာနေပါတယ် ဆရာ ဖုန်းလွှဲပေးလိုက်ရမလား''
''ဟာ ''
တံခါး ခေါက်သံနဲ့အတူ အခန်းဝမှာ ပေါ်လာတဲ့ သူ့PAကျော်ကျော်မင်းရဲ့ အသံကို ကြားလိုက်တော့မှ သီဟ သတိဝင်လာပြီး....
"ငါ meeting ပြီးမှ ဖုန်းပြန်ဆက်မယ်လို့ ဖေဖေ့ကို ပြောလိုက်တော့ ဒီမှာ ပြီးခါနီးနေပြီ''
''ဟုတ်ကဲ့ပါ ဆရာ''
ကျော်ကျော်မင်း ထွက်သွားတော့မှ နုလေးနဲ့ ပြန်ဆက်ပြောရသည်....
"နုလေးရေ ကိုကိုက အခု meeting လုပ်နေတာ ပြန်လာတော့မှ ဖြေမယ်လေ နော် ခဏလေးစောင့် ဟုတ်ပြီလား ''
''ဟုတ်ကဲ့ ကိုကို''
''အဟွန်း''
ဒီတလော ဘာလေးပဲ ပြောပြော ဟုတ်ကဲ့ကိုကို ဆိုတဲ့ အသံချိုချိုလေးတွေကြားရင် သူမပြုံးဘဲကို မနေနိုင် နုလေး ဖုန်းချသွားတော့မှ meeting ကို ခေါင်းထဲ ပြန်ထည့်ရသည် .....
"ကဲ ခုန ပြောလက်စလေးကို ပြန်ဆက်ရအောင်''
သီဟ ပြောနေရင်း ကိုယ့်လူတွေဆီကို အကြည့်ရောက်တော့ ....
ကြိုးတန်းပေါ်မှာ မတ်တပ်ရပ်ပြီး ဆပ်ကပ်ပြနေတဲ့သူကို အခုမှ မြင်ဖူးကြည့်ဖူးကြတဲ့ ရုပ်မျိုးတွေနဲ့ မျက်လုံးတွေ ပြူးပြီး ပါးစပ်တွေက အဟောင်းသား ဖြစ်နေကြလေသည် သူရှက်သွားပေမယ့် မသိချင်ယောင် ဆောင်ပစ်လိုက်ရင်း....
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...