Part _53

52.5K 1.8K 140
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _53

နုလေးက ဆရာသမီးကိုမြင်တာနဲ့ ပြေးသွားကာ.....

"မမချမ်းချမ်း ဗိုက်က အခုထိမကြီးသေးဘူးနော်"

"လပိုင်းပဲ ရှိသေးတယ် နုလေးရဲ့ မထွက်လောက်သေးဘူးလေ "

"သြော် အဲလိုလား "

တည်ငြိမ်အေးချမ်းက ကိုယ်ဝန်နဲ့မို့ စိုင်းဝန်းဖိတ်ကလည်းအိမ်မှာပဲလာသင်ဖြစ်တော့သည်...
နုလေးက စာရေးနေတဲ့ ဝန်းလေးကို ကြည့်နေတာကြောင့် ချမ်းသည် မိတ်ဆက်ပေးဖို့လုပ်လိုက်လေသည်...

"ဝန်းလေး "

"ပြောလေ ချမ်း "

"ဒီက မမနာမည်က နုလေးသွယ်တဲ့ ဝန်းနဲ့အတူတူနောက်ဆို စာသင်ရမယ်"

စိုင်းဝန်းဖိတ်ကလည်းနုလေးသွယ်ကိုခြေဆုံးခေါင်းဆုံးshowနေကာ နုလေးသွယ်ကလည်းစိုင်းဝန်းဖိတ်ကိုသေချာလေးရှိုးနေလေသည်.....

ထိုစဥ်နုလေးဘက်ကစပြီးတော့ ....

"ငါ့ကို ငါ့ကိုကိုကပြောတာ Slow learnerတဲ့ အင်းနည်းနည်းတော့ ငါကလိပ်ပေါ့ ...ဒါပေမယ့် ရိုးရိုးလိပ်တော့မဟုတ်ဘူး ရွှေလိပ်ပေါ့ ....ဒါကြောင့် အခုထိစာသင်နေရသေးတာ စိုင်းဝန်းဖိတ်ထက်တော့ကြီးတာပေါ့"

နုလေးကသူတက်ခဲ့တဲ့ကျောင်းမှာintroduceလုပ်တာတွေဘာတွေသင်ခဲ့ရပုံပဲ ကိုယ့်အတန်းဖော်ကို ဘယ်လိုမိတ်ဆက်ရမလဲဆိုတာကောင်းကောင်းသိပုံပင်.....

"ဒါဆို နုလေးမမပေါ့ "

"အင်း အင်း "

စိုင်းဝန်းဖိတ်က ချမ်းကိုလည်းမော့ကြည့်ကာ....

"ချမ်း "

"ရှင့် "

"ဝန်း သူနဲ့ သူငယ်ချင်းဖြစ်ရင်မပျင်းရတော့ဘူးထင်တယ် နုလေးမမက စိတ်ဝင်စားဖို့ကောင်းတယ်"

"အမယ်လေး အမောင်ဝန်းလေး ရွှေစိတ်တော်သာနေရင် ဝမ်းသာလှပါပြီရှင်"

"ဟာ ချမ်းကတော့လေ "

စိုင်းဝန်းဖိတ်က သာမန်ကလေးတွေထက်ဉာဏ်လည်းကောင်းကာ ကိုကြီးဟန်ခမ်းနဲ့မမမူးခိုတို့ရဲ့လက်ထဲကြီးပြင်းလာသူမို့ တစ်ဖက်သားအခြေအနေကထူးနေရင်တောင် အလိုက်သင့်ဆက်ဆံတတ်သည်....
နုလေးကို အခုရွယ်ထိစာသင်နေရတုန်းလားဆိုတာကို ကလေးပီပီမေးခွန်းပြန်မထုတ်ဘဲ Slow learnerဖြစ်တာကို သူနားလည်ပုံရသည်....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now