Part _11

36.8K 1.4K 79
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 11

နုလေးကို ရေချိုးခန်း အဝမှာ ချပေးပြီး သူလှည့်လာတော့ မေမေ့ဆီက ဖုန်းလာနေလေသည် ....

"ဟယ်လို မေမေ''

"သားရေ နုလေးရော''

''ရေချိုးခန်းထဲမှာ မေမေ''

''ဟယ် ဒီအချိန်ကြီးကို ရေချိုးနေတာလား နုလေးက နုနုနယ်နယ်လေး သားရဲ့ သူအဲဒီလိုတွေ လုပ်နေရင် ဖျားတော့မှာ သေချာတယ်''

''ဗျာ ''

''ဟိုလေ နုလေးကို ကျွန်တော် တားပေမယ့် အပြင်သွားထားတာ ရေမချိုးဘဲ မအိပ်ချင်ဘူးတဲ့ မေမေ ''

''သွားခေါ်လိုက်တော့နော်သား နေ့လည်က မေမေ အတန်တန် ပြောလျက်နဲ့ ညနေမှ ပြန်လာရသလား သားရယ် ''

''အရမ်းကြီးလည်း စိတ်မပူပါနဲ့ မေမေရယ် ကျွန်တော် သေချာ ဂရုစိုက်ပါ့မယ်''

''အေးအေး မေမေ ဖုန်းချတော့မယ်နော် ဖေဖေကလည်း သူ့သမီးလေးကို လွမ်းနေတယ်လို့
ပြောလိုက်ဦးနော် သား"

''ဟုတ်ကဲ့ စိတ်ချပါ မေမေ "

''ဒေါက် ဒေါက် ''

''ဒေါက် ဒေါက် ဒေါက်'''

''နုလေးရေ မြန်မြန်လုပ် မေမေတို့ အခုပဲ ဖုန်းဆက်တယ်''

''ဟယ် ဟုတ်လား လာပြီကိုကို နု ပြီးပြီ ''

''ကလစ်''

ရေချိုးခန်းတံခါး ပွင့်လာတော့ နုလေးက ခေါင်းပါ လျှော်ထားတာမို့ သူလန့်သွားရသည်....

"ဟာ ကလေးရယ် ညနေကြီးကို ဘာလို့ ခေါင်းလျှော်ရတာလဲ ''

''ဟီးဟီး''

''လာ မြန်မြန်လာ ဆံပင်တွေ ခြောက်အောင် ကိုကို ဒရိုင်ယာနဲ့ မှုတ်ပေးမယ်''

နုလေးက သူ့လက်ကလေး နှစ်ဖက်ကို ခရော့စ်ပုံစံမျိုး လုပ်ပြနေပြီး.....

"နိုးပါ နုက အခု အရမ်းကို သန့်သွားပြီ
လာမထိပါနှင့်''

''ဟာ''

''သွားပါဆို ကိုကိုလည်း ရေသွားချိုးတော့ သွား.....လို့''

ရေမချိုးလို့ကတော့ ထိလို့ရမယ့်ပုံမပေါ်တာမို့ သီဟ ရေချိုးခန်းထဲကို ပြေးဝင်လိုက်ရသည်....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now