Part - 15

44.2K 1.6K 128
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _ 15

"မင်္ဂလာပါ ဘာများ ကူညီပေးရမလဲရှင်''

''Wedding dress ကြည့်ပါမယ် စျေးအများဆုံး Quality အကောင်းဆုံး အလှဆုံးထဲက ပြပေးပါ  ကျွန်တော့အမျိုးသမီးနဲ့  လိုက်ဖက်မယ့် ပုံလေးထဲကပြ''

''ရှင်  အမျိုးသမီး''

နုလေးက တအံ့တဩလေး ရေရွတ်ပြီး သူ့ကို မော့ကြည့်လာတာမို့ သူမျက်စိတစ်ဖက် မှိတ်ပြလိုက်သည် ....
လက်ကလေးကို ခပ်ဖွဖွ ဖျစ်ညှစ်လိုက်ရင်း ...

"ကဲ နုလေး ကြိုက်တာ ရွေးကြည့်''

"နု ဝတ်ဖို့လား ကိုကို''

''အင်းလေ ကိုကိုပြောထားတယ်လေ နောက်တစ်ခါ မင်္ဂလာ ထပ်ဆောင်မယ်လို့''

နုလေးမျက်နှာလေးက ပြုံးလာပြီး....

"ကိုကို့ တကယ် ပြောနေတာလားဟင်....."

"တကယ်ပေါ့ ကလေးရဲ့''

''မေမေတို့ မပါရင်ရော ဆောင်လို့ ရတာလားဟင်''

''ရတာပေါ့ ကလေးရဲ့ ဒီတစ်ခါ လူကြီးတွေ မပါဘဲနဲ့ ကိုကိုတို့နှစ်ယောက်ထဲ ဆောင်ရအောင်နော် ''

''ဟုတ်ကဲ့ ကိုကို''

နုလေးက သူမလေး ပျော်ရင် လုပ်နေကျအတိုင်း မြှောက်ကြွကြွလေး လျှောက်နေကာ တစ်ဆိုင်လုံးက dress တွေကို သေချာလေး လိုက်ကြည့်နေလေသည်.....

"ညီမလေး ကြည့်နော် ဒီဖက်က dress လေးတွေက မနေ့ကမှ ဆိုင်ကို ရောက်ထားတာပါရှင် latest design လေးတွေပါ  Quality အမြင့်ဆုံး ပိုးသားနဲ့accessories တွေ သုံးထားလို့ ဝတ်ဆင်ထားတဲ့အခါ  သက်တောင့်သက်သာရှိစေပါတယ် ...."

"ဟုတ်ကဲ့''

''ရွှေဟားခါး ဆိုင်အတွက် ဒီဇိုင်းထုတ်ပြီး ချုပ်လုပ်ထားတဲ့ limited design တွေပါရှင့် ဘယ်နေရာမှာမှ ပုံစံတူ မရနိုင်ပါဘူးရှင်''

နုလေးက ရိုးရိုးရှင်းရှင်းလေးနဲ့ လှနေတဲ့ dress လေးကို လက်ညိုးထိုးကာ ....

"ကိုကို့''

"အင်း"

''နု ဒါလေးကြိုက်တယ် ကိုကို''

''ယူလေ ကလေး''

''အိုး ညီမလေးက တကယ့်ကို အမြင်ရှိတာပဲ ဒါလေးက  လုံးဝကို perfect ဖြစ်တဲ့ design ပါရှင့် ရိုးရှင်းပေမယ့် cutting က အရမ်းကောင်းတော့ ဝတ်ဆင်ထားတဲ့သူကို အဆင့်အတန်းမြင့်မြင့် ဂုဏ်သရေရှိ အမျိုးသမီးလေးဆိုတာ ပေါ်လွင်စေတဲ့ designလေး ဖြစ်ပါတယ်''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now