Part _60

45K 1.8K 132
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _60

"အား...အဟင့် ဟင့် ဟင့်"

"ဟင် ဒါ မမခေ အသံမဟုတ်လား "

အပြေးလေးသွားကာ မမခေ အခန်းထဲဝင်သွားတော့ မမခေက ကုတင်ပေါ်လှဲအိပ်ကာ ငိုနေလေသည်...

"မမခေ ...မမခေ ဘာဖြစ်တာလဲ "

"နုလေးလား နုလေးလားဟင် "

"နု....နုလေး ငါ့ကို ...ကယ်ပါ ...ငါနာလို့ သေတော့မယ်"

"မမခေ ...မမခေ ဘာဖြစ်တာလဲ ဗိုက်နာလို့လားဟင်"

"အား.....အား သေပါပြီ မေမေ...မေမေရေ"

"မေမေ မရှိဘူး မန်းလေးသွားတယ်လေ "

"အား .....နုလေး ....အာ့ "

"နုတော့ ရှိတယ် နုရှိတယ် "

မမခေဘေးနားဝင်ထိုင်လိုက်ပေမယ့် နုကိုယ်တိုင်လက်ဖျားတွေတုန်နေလေသည်..

"မမခေ....မမခေ ...ဟင် မမခေ "

မမခေက အော်ညည်းရင်း အသံမထွက်နိုင်တော့ဘဲ ချွေးစေးချွေးပေါက်တွေနဲ့ အသံတိတ်သွားကာ မျက်လုံးတွေလည်းပိတ်သွားလေသည်..

"မမခေ ....မမခေ ထပါဦး "

"မိချစ် ...မိချစ်ဘယ်မှာလဲ "

ကုတင်ပေါ်ကနေ ဝုန်းကခနဲပြေးဆင်းကာ မိချစ်ကိုပြေးရှာတော့ မိချစ်က မရှိ....

"ဖုန်း ...ဖုန်း ကိုကို့ကို ဖုန်းဆက်ရမယ် "

မချွတ်ရသေးတဲ့ လွယ်အိတ်သေးသေးလေးထဲကနေဖုန်းကိုနှိုက်တော့...

"ဟင် ဖုန်းကမပါလာဘူး "

''မမခေဖုန်းရော "

မမခေ အခန်းထဲပြန်ဝင်လာကာ ဖုန်းကိုကြည့်တော့ Lockချထားတာကြောင့်နု ငိုချင်လာရတော့သည်.....

မမခေကို နုဘယ်လိုလုပ်ပေးရမလဲ....
အိမ်ဖုန်း ဟုတ်တယ် အိမ်ဖုန်းရှိသေးတာပဲ...

နု အပြင်ကို ပြေးထွက်ကာ ဖုန်းကိုခေါ်တော့ ဖုန်းကတီတီအသံနဲ့ နု အလွတ်ရတဲ့ကိုကို့ဖုန်းကိုခေါ်တော့ ဖုန်းထဲက မိန်းမအသံက စိတ်ရှုပ်စရာထွက်လာတော့သည်...

"ဟာ နု ကိုကို့ဆီဆက်တာလေ သူ့အသံကိုကြားချင်လို့မှမဟုတ်တာ ဘယ်ကမိန်းမအသံမှန်းမသိထည့်ထည့်ထားတယ် ဖုန်းထဲက အဲမိန်းမအသံကိုအပြင်မှာသိကြည့်ပြောပစ်ဦးမယ် သူများကိုကိုဆီဆက်ရင် ဆက်သွယ်၍မရပါတို့  လိုင်းမအားသေးပါသဖြင့်တို့ ဘာတွေ ကြားဖြတ်လာလာပြောမှန်းမသိဘူး "

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now