💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _41"ဦးသန့်သီဟနောင်နဲ့ဇနီး တဲ့''
''သူတို့က နု နာမည်ကို မသိဘူးလား ကိုကိုက မပြောပြထားဘူးလား''
ဖိတ်စာပေါ်က နာမည်ကို ကြည့်ပြီး
မကြည်သလို မျက်နှာပေးနဲ့ သူ့ကို ကြည့်လာတဲ့ ပုံလေးက အသည်းယားစရာလေးဖြစ်သည်.....နှာခေါင်းလေးကို အသာအယာ ဆွဲညှစ်
လိုက်ရင်း...."အဟား ဖိတ်စာတွေက ဒီလိုပဲ ရေးကြတာလေ ကလေးရဲ့ ဖေဖေနဲ့ မေမေကို ဖိတ်ရင်လည်း ဦးထွန်းနောင်နဲ့ဇနီးလို့ ရေးတာပဲလေ"
မကျေနပ်သလို မျက်နှာပေးနဲ့ မျက်မှောင်လေးတွန့်ကာ နှုတ်ခမ်းလေးက စူထော်လာရင်း .....
"ဟွန့် ကိုကိုပြောတာ အိမ်ထောင်တစ်ခုမှာ ကျားနဲ့မက အခွင့်အရေးအတူတူပဲဆို အခု ဒါက ဘာလုပ်တာလဲ"
"ဟောဗျာ''
''နုသာ ပွဲလုပ်လို့ကတော့ ဖိတ်စာမှာ ဦးဘယ်သူ ဒေါ်ဘယ်သူလို့ သေချာလေးကို ရေးမှာ''
''ဪ ဟုတ်ကဲ့ပါ အစ်မကြီးရယ် ကောင်းတာပေါ့ ခင်ဗျာ"
"ကိုကို နုကို လာ မနောက်နဲ့နော် ''
''မနောက်ရဲပါဘူး အစ်မကြီးရယ် ကြောက်ပါတယ်ဗျာ ''
''စာအိတ်ကို ဖွင့်ပြီးတော့ အထဲမှာ ဘာတွေ ရေးထားတာလဲဆိုတာ ကိုကို့ကို ဖတ်ပြဦးလေကွာ ဒီမှာ ကိုကိုက မဖတ်အားဘူး ဖြစ်နေလို့ ....."
''ဟုတ်''
ဖိတ်စာက ကောင်းမြတ်တို့ ကုမ္ပဏီ ဒင်နာ ဖိတ်စာ ဖြစ်ပြီး အချိန်ရော နေရာရော ဘာအတွက်လုပ်တယ် ဆိုတာကော သူသိပြီး ဖြစ်ပေမယ့် နုလေးကို တမင် ဖတ်ခိုင်းနေတာ ဖြစ်သည်.....
"အင်း အဲ ဟိုဟာ S U N S H I N E တဲ့
ကိုကို ''''ဆန်းရှိုင်းလို့ အသံထွက်ရတယ် ကလေး'''
''ဟုတ် ဆန်းရှိုင်း .....C O M P A N Y က ဘာလဲ ကိုကို ဘယ်လို အသံထွက်ရတာလဲ"
''ကုမ္ပဏီ''
''ဪ သိပြီ သိပြီ ဆန်းရှိုင်း ကုမ္ပဏီ''
''အင်း''
''ဦးကောင်းမြတ်ကျော်နှင့်ဒေါ်မိုးပွင့်စံတဲ့ ဟင်
ကိုကောင်းမြတ်တို့ ပွဲလား"

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romansa"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...