💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _42"နုလေး''
''နုလေး''
''ဘေဘီ''
ကိုယ်က မဟုတ်တာ ဘာတစ်ခုမှ မလုပ်ထားပေမယ့် နုလေးက အခုလို အထင်လွဲပြီး စိတ်ကောက်စိတ်ဆိုးနေတာကို သူဘယ်လိုမှကို မခံစားနိုင်အောင် ဖြစ်နေရသည်.....
ခါတိုင်း နုလေး အလိုမကျရင် လုပ်နေကျအတိုင်း ကလေးလေးလို ငိုကြွေး ဂျီတိုက်တာမျိုး မဟုတ်ဘဲ မျက်နှာလေးက တည်တင်းနေပြီး မကြည်ကြည့် လာကြည့်နေတဲ့ မျက်လုံးလေးတွေကို သူရင်မဆိုင်ရဲ
ကိုယ့်ထက်အများကြီး ငယ်တဲ့ ဇနီးလေးကို ကြောက်တယ်ဆိုလို့ ဟားကြရင်လည်း ခံလိုက်ရုံပင်....လက်ကလေးကိုလည်း အထိမခံ ပခုံးလေးကို သွားဖက်ပြန်တော့လည်း လက်ကို ပုတ်ထုတ်ထားလာတာများ မြန်မှမြန်....
နုလေးက ကိုယ့်ကို အကြာကြီး စိတ်ကောက်နေမှာကို ပူပန်နေမိတာရော လူကြီးစိတ်ကလေး ဝင်လာပြီး သူ့ကို သဝန်တိုနေတာကို သိလိုက်ရလို့ ပျော်ပြီး ရင်ခုန်ကြည်နူးနေတာတွေရောနဲ့ လူက ပူထူနေလေသည်...."နုလေး"
လည်ချောင်းထဲမှာ ပူနေပြီး အသံက ကျယ်ကျယ်မထွက်နိုင် ရင်ခုန်ရလွန်းလို့ လူက ရူးချင်နေတာပဲ သိတော့သည်..... ကားကို ဂိုဒေါင်ထဲမှာ ရပ်ပြီး အမြန်ပြေးလိုက်လာပေမယ့် မမီလိုက်တော့ နုလေးက အခန်းထဲကို ဝင်ပြီး လော့ခ်ချထားလေတော့သည် ....
"ဟာကွာ ''
''ဒေါက် ဒေါက်''
''ဘေဘီရေ''
''ဘေဘီ''
''ကိုကို့ကို တံခါးဖွင့်ပေးပါဦး ကလေးရယ်''
''နုလေး ကိုကို ရှင်းပြမယ်လို့ နော် ကလေး တံခါးလေး ဖွင့်လိုက်နော်''
''ဒေါက်ဒေါက်''
''ဟွန့်''
နုက အခန်းတံခါးကို ကျောကပ်မှီကာ ရပ်နေတော့ ကို့ကို့အသံကို ကြားနေရသည် နု နှုတ်ခမ်းကို မဲ့ပစ်လိုက်ရင်း ကိုကို့ကို မှန်းကာ မျက်စောင်းထိုးပစ်လိုက်သည်.....
အလကားလူကြီး နုကို ချစ်တယ်လို့ ပြောပြီး ရည်းစားက ရှိလိုက်သေးတယ် မခေါ်ချင်တော့ဘူး နုမှာဆို ကိုကိုတစ်ယောက်ထဲပဲ ရှိတာလေ သူကကျတော့ နုလိုလည်း မဟုတ်ဘူး တွေးနေရင်း နုရင်ထဲမှာ ပူလောင်နေရတော့သည်.....
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...