💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _30"နုလေး နင်"
"နုတို့က နှစ်ယောက်စာပဲ ချက်တာ မမခေရဲ့ "
"အမလေးဟဲ့ ကပ်စေးမကလည်းနော် နင်နှစ်ယောက်စာပဲ ချက်ထားရင် အိမ်က သွားပြန်ယူလိုက်သွား မမခေက ဒီနေ့ အိမ်ကဟင်းတွေ မကြိုက်လို့ပါဆို"
"အဲလို လုပ်လို့ မရဘူးလေ နုတို့ဆို မမခေတို့အိမ်မှာ ဘယ်တော့မှ လာမယူပါဘူး လူဆိုတာ အိမ်ထောင် ခွဲပြီးသွားရင် ကိုယ့်ဟာကိုယ် နေတတ် စားတတ်ရတယ်တဲ့ ကိုယ်သက်သာရင် ပြီးရောဆိုပြီး မိဘအိမ်က သွားမယူရဘူးတဲ့ "
"ဘယ်သူလဲ နင့်ယောက်ျား ဦးကပ်စေးကလား''
''နုကိုကိုက ကပ်စေးတယ်လေ အဲဒါ ဘာဖြစ်လဲ ဝင်ငွေထက် ထွက်ငွေက မများအောင် သုံးရမယ်တဲ့ ''
''ဟော လုပ်လာပြန်ပြီ နင့်အိမ်မှာ ထမင်းလေး တစ်ခါစားရဖို့ မလွယ်လိုက်တာ နုလေးရယ် နားကိုငြီးရောဟယ်''
''မကျွေးပါဘူးလို့ ပြောနေတဲ့ဟာကို နု ချက်ထားတာကလေ နုယောက်ျားနဲ့ နုနဲ့ စားဖို့ပဲလေ မမခေတို့အတွက် မပါဘူး လာစားလို့ မရဘူး''
''ငါ စားလို့ ကုန်သွားရင် အိမ်မှာ သွားပြန်ယူလိုက်လို့ ပြောနေတယ်လေ'''
''မယူချင်ပါဘူးဆို နုယောက်ျားက နု ချက်တာပဲ ကြိုက်တာ''
'''အမလေးနော် ကိုကိုက တစ်သက်လုံး အိမ်ကချက်တဲ့ထမင်း စားပြီးတော့ ကြီးလာတာလေ နင်က အခုမှ ဘာလျှာရှည်နေတာလဲ''
'''အဲဒါက အရင်ကလေ အခု နုကိုကိုက ဘာမှ လုပ်တတ်တာ မဟုတ်ဘူး ရေချိုး ထမင်းစား အင်္ကျီလဲ အကုန်လုံး နုလုပ်ပေးမှ နုပါမှ ဖြစ်တာ ညအိပ်ရာဝင်ရင်တောင် နုက စာဖတ်ပြမှ အိပ်တတ်တာလေ''
''ဟောတော်''
နုလေး ပြောနေသမျှကို ခေ မယုံနိုင်အောင် ဖြစ်နေရပေမယ့် အခုမှ အိမ်ပေါ်က ဆင်းလာတဲ့ ကိုကြီးက အကုန်လုံး ကြားသွားပုံရကာ ခေတို့နှစ်ယောက်ကို ဆွံ့အပြီး ရပ်ကြည့်နေလေသည်....
နီရဲနေတဲ့ မျက်နှာကြီး ကြည့်ရတာ နုလေးပြောတာ အားလုံးမှန်တယ်လို့ ဝန်ခံနေတာနဲ့ အတူတူမို့ ခေ့မှာ နှစ်ထပ်ကွမ်း အံ့ဩနေရတော့သည်....
![](https://img.wattpad.com/cover/368526360-288-k52922.jpg)
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...