Part _68

44.9K 1.8K 196
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _68

"ဗွမ်း!!!''

''ဟာ နုလေး!!!!''

''နုလေးမမ!!!!''

သားလေးကို နမ်းနေရာက ရေထဲကို တစ်ခုခု ပြုတ်ကျသွားတဲ့ အသံကျယ်ကြီးကြောင့် သီဟ အလန့်တကြားနဲ့ ချောင်းထဲကို ကြည့်လိုက်မိတော့ နုလေးက ရေစီးသန်သန်ထဲမှာ အရှိန်နဲ့ မျောပါသွားလေသည်...

"နုလေး!!!!''

''နုလေး!!!!''

နုလေး ရေကြောက်တတ်တာကို သီဟ သိတာမို့  စိုးရိမ်လွန်းနေတဲ့စိတ်တွေနဲ့ လူက ပျာယာခတ်သွားရတော့သည်..... လက်ထဲမှာကလည်း သားလေးကို ပွေ့လျက်သား ဖြစ်နေတဲ့အပြင် ကလေးကို ခဏချီပေးထားပါလို့ အပ်ထားခဲ့စရာ လူကြီးကလည်း အနားမှ တစ်ယောက်မှ မရှိ....

"ဝန်းလေး''

''ဗျ''

''သားဝန်း ထိုင်ချလိုက် မြက်ခင်းပေါ်မှာ တင်ပလင်ခွေပြီး ထိုင်ချလိုက် သား"

''ဟုတ်''

''ရော့ ညီညာကို သေချာလေး ချီထား''

''ဟုတ်''

'"ဖက်ထားနော် လုံးဝ မလွှတ်နဲ့နော် ဝန်း''

''ဟုတ်ကဲ့''

ထိုင်နေတဲ့ ဝန်းလေးလက်ထဲကို သားလေးကို သေချာထည့်ပြီး ချောင်းလေးတစ်လျှောက် သီဟ အမြန် ပြေးလိုက်ရတော့သည်  ....

"နုလေး!!!'''

"နုလေး!!!"

"ဗွမ်း!!!!''

ပါးစပ်ကလည်းအော် တောက်လျှောက် မနားတမ်း ပြေးလိုက်နေရင်း နုလေးနဲ့ အနီးဆုံးနေရာကို ရောက်တော့ ချောင်းထဲကို ဒိုင်ဗင်ထိုးချလိုက်ရတော့သည်....

"ဟယ် ကိုကို့''

''နုလေး''

သူကသာ သေမတတ် စိတ်တွေ ပူနေရတာ နုလေးကဖြင့် ရေစီးထဲမှာ အလိုက်သင့်လေး မျောပါနေပြီး ရေလှိုင်းစီးကာ ပျော်နေတဲ့ပုံပင် ...

"နုလေး''

''ခိ ခိ''

နုလေးရဲ့လက်ကို အမိအရ ဖမ်းဆွဲကာ ချောင်းကမ်းပါးမှာ ကပ်ပေါက်နေတဲ့ သစ်ပင်ရဲ့ အမြှစ်ကို လှမ်းဆွဲထားလိုက်တော့သည် .....နုလေးကို ချီပွေ့ပြီး တင်းနေအောင် ဖက်ထားရင်းနဲ့ ရေထဲကို ထိုးထွက်နေတဲ့ သစ်မြှစ်တွေပေါ်မှာ အမောဖြေရင်း ထိုင်နေမိသည်....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now