💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _36"ရော့ နုလေးအတွက် ကိုယ့်လက်ဆောင်"
ဘာပါလဲတောင်မသိတဲ့ လက်ဆောင်ဘူးကို နုလေးသွယ်က ပုတ်ထုတ်ပစ်လိုက်တော့...
"နုလေး"
"သမီး"
"ဘေဘီ"
"နုလေးသွယ်!!"လက်ဆောင်ဘူးလေးက ကြမ်းပြင်ပေါ်ကျသွားပြီး အားလုံးရဲ့အာမေဋိတ်သံတွေဟာလည်း ဆူညံစွာ ထွက်လာလေတော့သည်....
"နုလေးသွယ် နင်အတော် ရိုင်းပါလား!!"
"နု ကို လာမအော်နဲ့"
"အောင်မယ် ဒီနေ့မှ အသက်၂၀ပြည့်တဲ့ဟာလေးကများ ဇောင်းကြွသလို လာမလုပ်နဲ့ နင့်အကြည့်တွေ လေသံတွေကို အခု ပြင်လိုက် နုလေး"
"ခေမာ ဘာလို့ နုလေးကို အော်နေရတာလဲ ကိုယ့်ညီမလေးကို "
"ဟာ့ ကိုကြီး မိန်းမက ခေ့ အမျိုးသားကို ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေတာ ဘယ်နှစ်ခါရှိပြီလဲ ကိုကြီးမျက်မြင်ပဲလေ ကိုကြီးဘက်လိုက်ပြီး ခေ့ကို လာမအော်နဲ့"
"နုလေးက အကြောင်းမရှိဘဲနဲ့ ဒီလိုတုံ့ပြန်တတ်တဲ့ကလေး မဟုတ်ဘူးဆိုတာကို အနီးကပ် အတူနေခဲ့ဖူးတဲ့ ခေက ပိုနားလည်သင့်တယ်လို့ ထင်တယ်"
"အို သူ့အကြောင်း သိပေမယ့် အခုဟာကဘလိုင်းကြီးလေ ဇေက သူ့ကို ဘာလုပ်နေလို့လဲ တကယ်ပါပဲ စောက်ရူးလို့ ပြောရင်လည်း မကြိုက်ဘူး တစ်ချက်တစ်ချက်က အဲဒီလို ထထရူးလိုက်ရမှ"
"ခေမာသွယ်....နင်"
"ခေရယ် တော်ပါတော့ "
နုလေးက အသားလေးတွေ တဆတ်ဆတ်တုန်နေကာ ပုံစံက မူမမှန်ချင်သလို ဖြစ်နေပြီး ခေတို့ လင်မယားဘက်ကိုသာ အကြည့်စူးစူးတွေဖြင့် ကြည့်နေလေသည်...
"နုလေး...ဘေဘီ စိတ်လျှော့လေ ကလေး"
"သမီးတို့သားတို့ရယ် တော်ကြပါတော့ကွယ် ဘယ့်နှယ်မောင်နှမတွေက စကားများနေကြရတာလဲ"
"မေမေ့သားက သူ့မိန်းမဘက်ကိုပဲ လိုက်ပြီးပြောနေတာ မေမေမမြင်ဘူးလား ဇေက သူ့ဟာလေးကို ဘာလုပ်နေလို့လဲ ...တကယ်ပါပဲ ကိုယ့်ခဲအိုကို ရိုသေရမှန်းမသိ ဘာမသိနဲ့ ....ဟိုတစ်ခါကလည်း ခြံထဲမှာ မြွေတွေ့လို့ ဇေက သူ့လက်ကိုကိုင်ပြီး စိုးရိမ်ပေးတဲ့ဟာကို ဖြစ်ပျက်နေလိုက်သေးတယ် တကယ်ပဲ "
YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Romance"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...