💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _33နုလေးရဲ့ စကားသံလေးအဆုံးမှာတော့ သီဟ ရင်ထဲမှာ ဘာတွေမှန်းမသိ တစ်ဝုန်းဝုန်းနဲ့ ပြိုကျနေသလိုကြီး ခံစားနေရကာ လူက လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွားသလိုတောင် ဖြစ်နေရသည်.....
တလောကလုံး တိတ်ဆိတ်နေပြီး နားထဲမှာ ဘာသံမှ မကြားရတော့ဘဲ နုလေးနဲ့သူဟာ သီးသန့်ကမ္ဘာထဲမှာ ရောက်ရှိနေကာ ဘာဆိုဘာမှ သတိမရတော့ ကမ္ဘာကြီးက ဘယ်လိုလည်နေသလဲ နေက ဘယ်အရပ်ကထွက်ပြီး ဘယ်ကို ဝင်သွားသလဲဆိုတာတောင် မသိတော့တဲ့အထိ ပြုစားခံနေရလေသည်......
နုလေးရဲ့ လက်ကလေးနှစ်ဖက်ကို ညင်ညင်သာသာ ဆွဲယူကာ ရင်ခွင်မှာ ဖိကပ်ထားလိုက်ပြီး.....
"နု နုလေး''
''ရှင်''
''နုလေး''
''ရှင် ကိုကို''
"ဘေဘီ အခု ဘာပြောလိုက်တာလဲ ဘာလုပ်လိုက်မိတာလဲဆိုတာ သိရဲ့လား''
''ရှင်''
ဟိုး အနက်ရှိုင်းဆုံး တစ်နေရာကနေ ထွက်လာနေတဲ့ တုန်တုန်ခိုက်ခိုက် အသံကြောင့် နုလေးက သူ့ကို တအံ့တဩလေးနဲ့ မော့ကြည့်နေရှာတာများ မျက်ဝန်းလှလှလေးနဲ့ နီတျာတျာ နှုတ်ခမ်းလေးက ဝလုံးလေးလို ဝိုင်းစက်လို့နေလေသည် .....
"နု နု ဘာမှမလုပ်ပါဘူး ကိုကို''
''အာကွာ ''
ဘာကိုမှ မသိနားမလည်ရှာသေးတဲ့ မျက်လုံးရိုင်းလေးတွေနဲ့ အဆုံမှာတော့ သီဟ လုံးဝ တင်းမထားနိုင်တော့ ရင်ခုန်သံတွေက ဘယ်လိုနည်းနဲ့မှ ထိန်းလို့ မရတော့အောင် မြန်ဆန်လာကာ နုလေးရဲ့ ခန္ဓာကိုယ်လေးကို ပွေ့ချီလိုက်တော့သည်.....
"အမေ့''
နုလေးရဲ့ စိတ်ကလေးကို အရွယ်ရောက်ပြီးတဲ့ သူတစ်ယောက်လိုမျိုး သိတတ်နားလည်လာအောင် သူနည်းအမျိုးမျိုးနဲ့ လေ့ကျင့်ပြီး တွဲခေါ်နေခဲ့တာ ....
တကယ်နားလည်လာပြီဆိုမှ သူချစ်နေမိပြီဆိုတာကို ဖွင့်ပြောဖို့ ရည်ရွယ်ထားခဲ့ပေမယ့် ဒီနေ့မှာတော့ သူဆက်မစောင့်နိုင်တော့ ......
ဇနီးချောလေးကို အခုချက်ချင်း ချစ်တတ်လာအောင် သွေးဆောင်ဖြားယောင်းဖို့ သူ ဆုံးဖြတ်လိုက်တော့သည်.....

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
عاطفية"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...