Part_1

228K 2.1K 212
                                    

💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~
Part _1

"နုလေးက ဘယ်နှစ်တန်းရောက်ပြီလဲကွဲ့"

"နုက ဒီနှစ်ဆယ်တန်းလေ ကြီးကြီးစန်း"

ဆယ်တန်းသင်္ချာအထူးထုတ်ကြီးဖွင့်ကာဘောပင်တစ်ချောင်းကိုင်ပြီးဟိုရေးဒီတွက်နေတဲ့
နုလေးသွယ် ဖြေလာတော့ ဒေါ်စန်းစန်းခင်
မျက်ခုံးပင့်သွားလေသည်....

"ဟုတ်တယ်လေ မမစန်းရဲ့
သမီးငယ်လေးရော အလတ်မ ခေမာသွယ်ရောက ဒီနှစ်ဆယ်တန်းလေ"

"အလတ်မက အငယ်မလေးထက် ၂နှစ်ကြီးတယ်မဟုတ်လား ခေမာက ဆယ်တန်းကျလို့လား"

"မကျပါဘူး နုလေးအဖော်ရအောင် ခေမာက နှစ်အောက်ပေးထားတာလေ "

"ဟင်"

ဒေါ်စိမ်းမြသွယ်စကားကြောင့် ဒေါ်စန်းစန်းခင် ခေါင်းညိတ်လိုက်လေသည်....

"သြော် ဒီလိုလား"

"ဝေမာသွယ်ကရော"

"သမီးကြီးက ဒီနှစ် နောက်ဆုံးနှစ်လေ "

"ဒါဆိုသီဟလေးကရော မန္တလေးမှာလား"

"ဟုတ်တယ် သားကြီးက ဒီမှာလည်း တစ်ဘွဲ့ရတယ် ပြီးတော့ ကနေဒါကနေလည်း စီးပွားရေးနဲ့ဆိုင်တဲ့ ဘွဲ့တစ်ခုယူလာပြီးပြီလေ အခုတော့ သူ့အဘိုးအဘွားတွေနဲ့ မန္တလေးမှာနေရင်း မန်းလေးရုံးခွဲမှာတာဝန်ယူထားတယ် သူ့အဘိုးနားပြီလေ "

"မြရဲ့ ကလေးတွေက လိမ္မာလိုက်တာ ငါ့ကလေးတွေကတော့ရွာမှာဆိုတော့ သိတဲ့အတိုင်း အားမရပါဘူး ရန်ကုန်လိုနေရာမျိုးမှာဆိုရင်တော့ သင်တန်းတွေကျောင်းတွေစုံတော့ ကလေးတွေတက်လမ်းရှိတာပေါ့"

"ရွာမှာဆိုပေမယ့်လည်း သူ့ဟာသူ ဖြစ်မြောက်တာတွေလည်း ရှိပါတယ် မမစန်းရယ်"

"အင်းလေ ဒါကြောင့်  ငါ့ကလေးတွေကိုအားမရပါဘူးပြောတာပေါ့ မြရဲ့"

သူမတို့စကားပြောနေတုန်း အိမ်ရှေ့တွင်ကားရပ်သံကြားလိုက်ရလေသည်...

"ဟော ကိုထွန်းပြန်လာပြီထင်တယ်"

မကြာလိုက် အိမ်ထဲကိုဝင်လာတဲ့ မောင်ဝမ်းကွဲဖြစ်သူကို  ဒေါ်စန်းစန်းခင် နှုတ်ဆက်လိုက်လေသည်...

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now