Part _50

72.1K 1.9K 243
                                    

မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _50

''အချစ်ဆရာ ဟုတ်လား နုတော့ တစ်ခါ....မှ မကြားဖူးပါဘူး"

မျက်မှောင်လေးတွန့်  နှာခေါင်းလေး ရှုံ့ပြီးပြောနေတဲ့  အသည်းယားစရာ ကောင်းလှတဲ့ ကောင်မလေးကြောင့် သီဟ ရင်ထဲမှာ ဗြောင်းဆန်သွားရပြီး  ပွေ့ထားတဲ့လက်ကို ပင့်မြှောက်ကာ နှုတ်ခမ်းချင်း  ဂဟေဆက်လိုက်မိတော့သည်....

နမ်းထားတာကို မပျက်စေဘဲ ကုတင်ပေါ်ကို နှစ်ယောက်သားလုံးထွေးပြီး ရောက်သွားတော့ နုလေးက  ရုတ်တရက် အငိုက်မိသွားပြီး ငြိမ်နေပေမယ့်  သတိဝင်လာတာနဲ့   အတင်းရုန်းတော့သည်.....

"အင့်  အ   အင်းး''

ရင်ခွင်အောက်မှာ ရောက်နေရှာပြီး သူက အားကြီးနဲ့ ဖိထားလေတော့ တစ်ကိုယ်လုံးက လှုပ်လို့တောင်မရ ဖြစ်နေပေမယ့် ရှိသမျှ အင်အားလေးနဲ့ မျက်နှာလေးကို ရမ်းခါကာ ရုန်းနေလေသည်.....

မောနေရှာမှာ စိုးပြီး သူမကြမ်းရက်တာမို့  ငုံထားမိတဲ့ နှုတ်ခမ်းလေးကို လွှတ်ပေးလိုက်သည်... ဖိကပ်အုပ်မိုးထားတဲ့ မျက်နှာကို အနည်းငယ်လေး ခွါပေးလိုက်တော့...

''အမ်း"

နုလေးက ချက်ချင်း သူ့နှုတ်ခမ်းလွှာလေးတွေကို  အတွင်းထဲကိုသွင်းကာ ဖိထားလိုက်တော့သည် ....

"ဟာ ဘာလဲ ဘာလို့ အဲလိုကြီး လုပ်ထားရတာလဲ  ကလေးရဲ့ ''

သူငုံ့နမ်းလိုက်တော့ ဘယ်လိုမှကို နမ်းလို့ မရတော့ပဲ နှာခေါင်းပြီးတော့ မေးစေ့လေးကို  တန်းမြင်နေရာကာ နှုတ်ခမ်းနေရာက ဗြောင်ချောကြီး ဖြစ်လို့ နေတော့သည် ....

"ပြွတ်စ်  ပြွတ်စ်''

''ဟားဟားဟား''

နှုတ်ခမ်းနေရာကို စုပ်နမ်းနေပေမယ့် မေးစေ့ကို နမ်းနေရသလိုမျိုး ချော်ထွက်နေတာမို့ သီဟ ရယ်နေရတော့သည် ....

"အဟား ဘေဘီ မနောက်နဲ့လေကွာ ဖယ်ပေး''

''အင်း အင်း အင်း''

''ဟိတ် ဟောဒီနှုတ်ခမ်းလေးကို ငုံထားချင်လို့ပါဆိုကွာ ဖိထားတာလေးကို ဖယ်လိုက် လွှတ်လိုက်တော့နော်  ကလေး''

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now