💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _31နှင်းသစ္စာမင်းက ပိုင်စိုးပိုင်နင်းပုံစံမျိုးနဲ့ သားနေရာမှာ လာဝင်ထိုင်နေတော့ စိမ်းတို့ လင်မယား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြသည်.....
ဒီနေ့က သားသီဟရဲ့ပွဲမို့ ဒီဝိုင်းမှာ ကိုယ့်မိသားစုထဲကတောင် ဘယ်သူမှ မပါဘဲ ခုံက လေးလုံးထဲ စီစဉ်ထားတာလေ နှင်းသစ္စာက အလိုက်ကမ်းဆိုးမသိ လာဝင်ထိုင်နေတော့ သမီးဝေနဲ့ခေရော တခြားဝိုင်းကလူတွေကပါ စပ်စုသလို ကြည့်နေကြလေသည်....
စိမ်းပြောတော့မလို့ ပြင်လိုက်ပေမယ့် မပြောလိုက်ရသေးခင် သမီးနုလေးရဲ့ စကားကြောင့် နှင်းသစ္စာက သိသာစွာ မျက်နှာပျက်သွားတော့သည်.....
''အဟင်း ဟင်း မမက စနေတာပါ နုလေးရဲ့"
''ဒါက စစရာ မဟုတ်ဘူးလေ''
''အဲ ဟို ဟိုမမကလေ''
သမီးနုလေး ပြောနေတာကို စိမ်းစိတ်ထဲမှာ ကျေနပ်လှပေမယ့် လူကြီးပီပီ ဝင်ပါရတော့သည်.....
"သမီးနုလေးက အရမ်း အသန့်ကြိုက်တာ နှင်းသစ္စာရေ သူ့ပစ္စည်းကို ဘယ်သူမှ သွားထိလို့ မရဘူးလေ သူကလည်း သူများဟာဆို ယောင်လို့တောင် မထိဘူး တခြားဟာတွေ မပြောနဲ့ အိမ်မှာ နေ့တိုင်းစားသောက်နေတဲ့ ပန်းကန်တောင် သူ့ဟာသူ ခွဲသုံးတာလေ ဟင်းဟင်းဟင်း...."
"နု က နု ကိုကို ကိုတော့ မရွံပါဘူး "
"နု ကိုကိုက နုလိုပဲ သန့်တယ်လေ "
နု ကိုကို့ကို လှမ်းကြည့်တော့ ကိုကိုက စတိတ်ပေါ်ကနေ ဆင်းလာနေပြီမို့ ....
"မမနှင်းသစ္စာ ဟိုမှာ နုကိုကို လာနေပြီ အဲဒီနေရာကနေ ဖယ်တော့လေ''
''ဟင် အင်းအင်း''
''လူဆိုတာ ကိုယ့်နေရာကိုယ် နေရတယ်လေ မမတို့အိမ်က လူကြီးတွေက ဒါမျိုးတွေ မသင်ထားဘူးလားဟင် ''
ပြောနေရင်း နှင်းကို မကြည်သလို လာစိုက်ကြည့်နေတာမို့ နှင်းအောင့်သက်သက်နဲ့ ခံရခက်လှသည်.... စကားဆုံးတာနဲ့ နုလေးသွယ်က ချက်ချင်း မောင့် PA ကို လက်ထောင်ပြကာ ခေါ်လိုက်ပြီး.....

YOU ARE READING
💕မြတ်နိုးခြင်း......သစ္စာ💕
Любовные романы"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေကသောင်းကျန်းနေတာပါလို့.... မနည်းရှင်းပြလိုက်ရတယ်..." [သန့်သီဟနော...