Part _51

45.9K 1.8K 133
                                    


💕မြတ်နိုးခြင်း......သစ္စာ💕
~~~~~~~~~~~~~~~~~~
Part _51

ကျောင်းဆင်းချိန် ရောက်တော့ နုလေးရဲ့ ကျောင်းရှေ့မှာ ရပ်စောင့်နေရင်း သီဟ ပြုံးနေမိသည်။ကျောင်းထဲက ကလေးတွေက ထွက်လာတဲ့ ကလေးတွေကလည်း သူ့ကို ပြုံးပြကာ နှုတ်ဆက်သွားကြလေသည်။ တခြားသောသာမန်ကလေးတွေနည်းတူ ပျော်ရွှင်တက်ကြွပြီး စာတွေဖတ်တတ်လာအောင် လူတွေကြားထဲမှာ ဝင်ဆန့်ပြီး တွေးတတ် စဉ်းစားတတ်လာအောင် သင်ပေးနိုင်တဲ့ ဒီကျောင်းကို သီဟ အလွန်သဘောကျသည် .....

ပေးရတဲ့ Fees နဲ့တန်အောင် ပြန်ရတာမို့ ပေးရတာများသည်ဟု သူ မထင်ပါ .... သင်ရခက်တဲ့ ကလေးတွေကို တတ်မြောက်လာအောင် သင်ရတာလေ ဘယ်လွယ်လိမ့်မလဲ .....

သူရပ်စောင့်နေတာလည်း အတော် ကြာပြီ ကျောင်းထဲက ကလေးသံတွေလည်း မကြားရတော့ပဲ တိတ်ဆိတ်နေပြီမို့ သူအံ့ဩသွားရသည်..... ဂိတ်စောင့်တဲ့သူက သူ့ကို မြင်တော့ အနားကို လျှောက်လာလေသည်...

''ဘယ်သူ့ကို စောင့်နေတာလဲ ငါ့တူ"

''ဒီက ကျောင်းသူ နုလေးသွယ်ပါ အခုထိ ကျောင်းထဲကနေ ထွက်မလာသေးလို့ပါ''

''ဪ သိပြီ ဟို ခပ်သေးသေး သမီးလေး''

''ဟုတ်ကဲ့''

''သူ ဒီနေ့ ခွင့်တိုင်တယ်လေ ကျောင်းမတက်ဘူး''

ဂိတ်စောင့်တဲ့ ဦးလေးရဲ့စကားကြောင့် သီဟ နားတွေ အူသွားရသည်....

"ဘာဗျ ဘာကို ခွင့်တိုင်တာလဲ မနက်က ကျောင်းရှေ့ကို ဒီနေရာကို ကျွန်တော်ကိုယ်တိုင်လာပို့ပေးသွားတာ သူ့သူငယ်ချင်းနဲ့ အတူတူ ထားခဲ့တာလေ''

''ငါ့တူ လာပို့တုန်းက ရှိနေတဲ့ ကလေးမလေးက အထဲကို ဝင်လာတယ်လေ နုလေးသွယ်က ကျောင်းထဲကို လုံးဝ မဝင်ပါဘူး"

''ဟာဗျာ အဓိပ္ပါယ် မရှိတာတွေ လာပြောနေတယ်''

''ကျောင်းထဲမှာ ကလေးတစ်ယောက်မှ မရှိတော့ဘူး ငါ့တူ''

''ကျွန်တော် မယုံဘူး ကျောင်းထဲကို ဝင်ရှာကြည့်မယ်''
_
_
_
_
_
နုလေး စဉ်းစားမနေတော့ဘဲ ကားပေါ်ကို တက်လိုက်တော့သည် .....နုလေးဘဝမှာ လိုင်းကားကို ပထမဦးဆုံး စီးဖူးခြင်း ဖြစ်တာမို့ နုရင်တွေ တုန်နေလေသည် ....လိုင်းကားပေါ်မှာက ခါးပိုက်နှိုက်တွေလည်း ပါတတ်တယ်တဲ့ ကြားဖူးထားတဲ့ စကားတွေကြောင့် နုလွယ်အိတ်လေးကို ရင်ခွင်ထဲမှာ တင်းတင်း ပွေ့ထားလိုက်သည် ....

💕မြတ်နိုးခြင်း......သစ္စာ💕Where stories live. Discover now